အားလုံးပဲမင်္ဂလာပါနော်။ ချစ်ရသူကို ပထမဆုံး စတွေ့တဲ့အချိန်ကနေ သက်ဆုံးတိုင် အတူတူနေခွင့်ရမယ်ဆိုရင် တကယ်ကို အံ့သြစရာပါပဲ။

အချစ်ဆိုတာ အသေးငယ်ဆုံးအရာတွေကိုတောင် အလှပဆုံး အခိုက်အတန့်အဖြစ် ပြောင်းလဲစေနိုင်ပါတယ်။

လူတစ်ယောက်ကိုချစ်မိရင် ပျော်ရွှင်ရမယ်၊ တခါတလေ နာကျင်ရမယ်။ ဒါပေမယ့် ရင်ခုန်ကြည်နူးစရာအခိုက်အတန့်လေးလည်းရှိနေပါသေးတယ်နော်။

အနုပညာရှင် Pascal Campion က သူ့ရေးဆွဲခဲ့တဲ့ ရုပ်ပြပုံလေးတွေကနေတဆင့် အချစ်ဆိုတာကို အဓိပ္ပာယ်ဖော်ပြသခဲ့ပါတယ်။

အဲဒီပုံရိပ်လေးတွေထဲက ကြည့်လိုက်တာနဲ့ ရင်ခုန်ကြည်နူးမှုတွေကူးစက်သွားစေမယ့် ရုပ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်နော်။

တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေ့တဲ့အချိန် ရင်ခုန်ကြောက်ရွံ့သလို ခံစားရတယ်

ပထမဆုံး ဒိတ်လုပ်တဲ့အချိန်မှာ ချစ်မိသွားတယ်

ပထမဆုံး kiss ပေးရမှာ အဆင်ပြေပါ့မလားလို့ စိုးရိမ်မိတယ်

သူနဲ့သာ အတူဆိုရင် ရင်ခုန်နေတဲ့ခံစားချက်ကို ဖြစ်ပေါ်စေတယ်

မနက်စာအတူစားပြီး တစ်ယောက်နဲ့တစ်ယောက် ပြုံးပြရတာက ဘာနဲ့မှမတူတဲ့ ခံစားချက်တစ်ခု

အိမ်မပြန်ချင်သေးလို့ ရာသီဥတုဘယ်လောက်အေးအေး အပြင်မှာ သူနဲ့အတူ နာရီပေါင်းများစွာ ကုန်ဆုံးခဲ့တဲ့ အခိုက်အတန့်လေး

နုတ်ဆက်စကားပြောဖို့ အချိန်ဆွဲနေဖူးတယ်

တစ်ယောက်နဲ့တစ်ယောက် အံ့သြစရာတွေ လုပ်ပြဖို့ ကြံစည်တတ်တယ်

အတူတူ ကစားကြတယ်

အိမ်မှာလည်းအတူတူကစားကြတယ်

သူ့မိဘတွေ သဘောကျအောင် ကြိုးစားမယ်

အတူတူပြန်စုံတဲ့အခါ ပိုပြီးကြည်နူးရတယ်

အတူတူ ညစာစားရတဲ့အခိုက်အတန့်ကလည်း ကြည်နူးစရာပါ

မောဟိုက်သွားတဲ့အထိ ကလေးနဲ့အတူ ကစားကြတယ်

ကိုယ့်ကလေးအရွယ်ရောက်လာတာကို ကြည့်ရတာလည်း ကြည်နူးချမ်းမြေ့စရာတစ်ခုပါပဲ

Source: www.brightside.me

By: MyStyle Myanmar