ဆံသားကိုသေချာထိန်းသိမ်းချင်တယ်ဆိုရင် ရိုးရိုးခေါင်းအုံးစွပ်အသားတွေထက် ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်ပေးတာက ပိုကောင်းပါတယ်။ ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်ခြင်းကြောင့် အလှအပဆိုင်ရာ ဒီလိုကောင်းကျိုးတွေ ရရှိလာစေပါတယ်။

Anti-Aging Benefits

ပိုးသားခေါင်းအုံးစွပ်တွေက အရေပြားပေါ်ရှိတဲ့ အညစ်အကြေးတွေကို လျော့နည်းစေပြီး အရေးအကြောင်းဖြစ်ပေါ်မှုကိုလည်း လျှော့ချပေးပါတယ်။ ပိုးသားခေါင်းအုံးစွပ်တွေက နူးညံ့ပြီး ဇိမ်ရှိရုံသာမက အရေပြားပွတ်တိုက်မှုဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အချိန်ကြာလာရင် ဖြစ်ပေါ်တဲ့ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

ဝက်ခြံဖြစ်ပေါ်ခြင်းကိုလျှော့ချပေးခြင်း

ပိုးသားခေါင်းအုံးစွပ်တွေက မျက်နှာကိုအေးစေပြီး အရေပြားနဲ့ခေါင်းအုံးကြား ပွတ်တိုက်မှုဖြစ်ပွားတာကိုလည်း နည်းပါးစေပါသည်။ ဒါ့အပြင် ချွေးနဲ့အဆီစုပ်ယူမှု နည်းပါးစေပြီး ခေါင်းအုံးစွပ်မှာပေါက်ပွားနိုင်တဲ့ ဘက်တီးရီးယားကိုလည်း နည်းပါးစေပါတယ်။ ဒီအချက်တွေက ဝက်ခြံကို လျော့ကျစေပါတယ်။ ပိုးသားခေါင်းအုံးစွပ်က ပွတ်တိုက်မှုနဲ့ရောင်ရမ်းမှုကို လျှော့ချပေးတာကြောင့် ဝက်ခြံပိုဆိုးလာခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Frizz Free Hair

ပိုးသားခေါင်းအုံးစွပ်က ပွတ်တိုက်မှုကို လျှော့ချပေးတာကြောင့် ဆံပင်ဖွာပြီး Frizz ဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးပါတယ်။ ဆံသားနူးညံ့ချောမွေ့နေစေပါတယ်။ ဆံပင်ဖွာပြီး ခြောက်သွေ့တယ်၊ ဆံပင်တွေကျွတ်တယ်ဆိုရင် ပိုးသားခေါင်းအုံးစွပ်ကို ပြောင်းသုံးကြည့်ပါ။

ဆံပင်ရှုပ်ထွေးခြင်းကိုလျှော့ချပေးခြင်း

ပိုသားခေါင်းအုံးစွပ်နဲ့အိပ်တာက ဆံသားထုံးတာ၊ ရှုပ်ထွေးတာတွေ မဖြစ်စေတဲ့အတွက် ဆံပင်ရှုပ်ထွေးခြင်းကိုလည်း လျှော့ချပေးပြီး ဆံသားပျက်စီးမှုနှုန်း ပိုနည်းသွားစေပါတယ်။ ဆံလုံးသေးပြီး ဆံပင်ငြိလွယ်တဲ့သူတွေ၊ ဆံပင်အရမ်းရှုပ်ထွေးတတ်တဲ့သူတွေဆိုရင် တခြားခေါင်းအုံးစွပ်မသုံးပဲ ပိုးသားခေါင်းအုံးစွပ်ကိုပဲ သုံးပေးသင့်ပါတယ်။