အမျိုးသားတွေ ဓာတ်ပုံရိုက်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးရိုက်ချင်ပေမယ့် Pose မပေးတတ်ဘူး ဖြစ်နေရင် ဒီလိုမျိုးပုံစံလေးတွေ ရိုက်ကြည့်ပါ။

ဓာတ်ပုံရိုက်တဲ့အခါ လက်ကိုဘယ်နားထားရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဒါဆို လက်ကို အိတ်ထဲ ထည့်ပြီး ရိုက်ကြည့်ပါ။

ယောက်ျားပီသတဲ့ အသွင်အပြင်ကိုမှ အရိုးရှင်းဆုံး ကိုယ်ဟန်အနေအထားမျိုးနဲ့ လိုချင်ရင်တော့ လက်ပိုက်ပြီး ကင်မရာကိုတည့်တည့်ကြည့်တဲ့ပုံစံမျိုး ရိုက်ကြည့်ပါ။

ဘေးနားမှာရှိတဲ့ ဘောင်တခုခုကို ထောက်ပြီး လက်နှစ်ဖက်ကို ချိတ်ကြည့်လိုက်ပါ။

ပေါ့ပါးတဲ့ပုံစံလေးဖြစ်အောင်  လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး နံရံကိုမှီလိုက်ပါ။

ထိုင်ခုံမှာထိုင်ရင်းလည်း ရိုက်လို့ရပါတယ်။ ရိုက်တဲ့အခါ ကင်မရာက မျက်လုံးနဲ့တည့်တည့် ဒါမှမဟုတ် မျက်လုံးအပေါ်နားလောက်ကနေ ရိုက်ပေးပါ။

ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်ကြီးမဖြစ်အောင်လို့ ခြေထောက်တဘက်ကို ကွေးပြီးထောက်လိုက်ပါ။ လက်ပိုက်ထားပြီး ဘေးတစောင်းကနေ တစ်ကိုယ်လုံးပါအောင် ရို်က်ကြည့်ပါ။

အငြိမ်ပုံတွေ ရိုက်ရတာရိုးနေပြီဆိုရင်တော့ Action Mode လေးနဲ့ ရိုက်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘာဝဆန်တဲ့ ပုံလေးရနိုင်ပါတယ်။