သင့်အသားအရေဟာ နေ့စဉ် နေရောင်ခြည်၊ လေထုညစ်ညမ်းမှုတွေနဲ့ ထိတွေ့နေရလို့ တဖြည်းဖြည်း ထိခိုက်ပျက်စီးလာတယ်ဆိုတာ သင်သတိထားမိပါသလား။ အဲဒါကြောင့် မျက်နှာပေါ်မှာ အရေးကြောင်း၊ အမည်းစက်၊ ဝက်ခြံနဲ့၊ နေလောင်ကွက်တွေ ဖြစ်ပေါ်လာတာကို သက်သာစေဖို့ နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

ဒိန်ချဉ်နဲ့ သံပုယိုသီး (သို့) သံပုရာသီး ကိုရောပြီး ပေါင်းတင်ပေးမယ်ဆိုရင် သင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အသားအရေ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

Source: Livestrong.com

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် (သို့) သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ဇွန်း

ဒိန်ချဉ်နဲ့ သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ထည့်လိုက်ပါ။ ပြီးရင် သေချာရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၂ မိနစ်လောက် မျက်နှာကို သေချာပွတ်ပေးလိုက်ပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။

Source: Rojak Daily

ပြီးရင် ရေသေချာဆေးချလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် ခရင်မ်တမျိုးမျိုး လိမ်းပေးထားပါ။

အသုံးဝင်တဲ့ နည်းလမ်းလေးတွေ

Source: Eluxe Magazine

သံပုရာသီး (သို့) သံပုယိုသီးကို သုံးမှာမို့လို့ ညဖက်မှာ လုပ်ပေးပါ။ နေ့လည်ဖက်လုပ်ပေးလို့ နေရောင်နဲ့ ထိတွေ့ရင် အမည်းစက် ထွက်လာမှာ စိုးလို့ပါ။

အခုဖော်ပြခဲ့တဲ့ ပေါင်းတင်နည်းကို မသုံးခင်မှာ အရင်းဆုံး မျက်နှာကို ရေနွေးလေးနဲ့ သေချာသစ်ပေးလိုက်ပါ။

သင့်ပန်းတိုင်အတွက် စိတ်ရှည်ပါ။

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိ သုံးနိုင်ပါတယ်။

ပေါင်းတင်တာမဟုတ်ဘဲ မျက်နှာကို ချေးချွတ်ချင်ရင်တော့ ပျားရည်နဲ့ သကြား (သို့) အုတ်ဂျုံကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ထပ်ထည့်လိုက်ပါ။