တစ်ခါတစ်လေကျရင် ကိုယ်သတိမထားပဲ လုပ်နေမိတဲ့အရာတွေကြောင့် ကိုယ့်ဆံပင်က ပိုပျက်စီးလာနိုင်သလို ဆံပင်လည်း အရင်ထက် ပိုကျွတ်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအမှားတွေကို ကိုယ်တိုင် လုပ်နေမိတယ်ဆိုရင်လည်း ပြင်လို့ရအောင် ဆံပင်ကျွတ်ပြီး ဆံသားတွေပျက်စီးအောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့ အမှား ၉ ခုကို ပြောပြပေးလိုက်ပါတယ်။

တချို့က ဆံပင်ရှည်ချင်တော့ ညှပ်လိုက်ရင် တိုသွားမှာစိုးလို့ အောက်ဖျားတွေကို လုံးဝမညှပ်ပဲ ထားကြတယ်။ ဒီလို ဆံပင်အောက်ဖျားတွေကို မညှပ်ပဲထားတာက ဆံပင်အရှည်ပိုနှေးစေပါတယ်။ အဖျားရှူးပြီး ဆံသားမလှမပ ဖြစ်စေပါတယ်။ ဒါကြောင့် တစ်လတစ်ခါ အောက်ဖျားတွေ၊ ဆံပင်နှစ်ခွဖြစ်နေတာတွေကို ညှပ်ပေးရပါတယ်။

အခုနောက်ပိုင်းမှာ အိမ်မှာ ကိုယ့်ဘာသာကိုယ် DIY နည်းနဲ့ ဆံပင်ဆေးဆိုးတာကို အရမ်းလုပ်ကြပါတယ်။ ဒီလို DIY နည်းတွေနဲ့ ကိုယ်တိုင်အိမ်မှာ ဆေးဆိုးတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ သေချာမကျွမ်းကျင်ရင်၊ မလုပ်တတ်ရင် ဆံသားအရမ်းပျက်စီးသွားနိုင်ပါတယ်။

ခေါင်းလျှော်ပြီး ရေမခြောက်သေးတဲ့အချိန်၊ ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ဆံပင်ပိုကျွတ်စေပါတယ်။ ဒါက တော်တော်များများလုပ်နေမိတဲ့ အမှားဖြစ်တာကြောင့် ပြင်သင့်ပါတယ်။

ကိုယ်သုံးတဲ့ဘီးကို သီးသန့်ထားပါ။ သန့်ရှင်းအောင် အမြဲဆေးပေးပါ။ ညစ်ပတ်နေတဲ့၊ ဂျီးတွေတက်နေတဲ့ ဘီးနဲ့ဖြီးတာက ဦးရေပြားမှာ ဘတ်တီးရီးယားတွေ ကပ်သွားနိုင်ပါတယ်။ ဗောက်ထတာ၊ ဆံပင်ပိုကျွတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ခေါင်းလျှော်ရင် ရေအေးနဲ့ပဲလျှော်ပါ။ ရာသီဥတုအေးလို့ဆိုပြီး ရေနွေးနဲ့ လျှော်တာမျိုး မလုပ်ပါနဲ့။ ရေနွေးနဲ့ ခေါင်းလျှော်တာက ဆံသားအဆီတွေ ဆုံးရှုံးစေပြီး ဦးရေပြားနဲ့ ဆံသားခြောက်သွေ့စေတယ်။ ဆံပင်ဖွာစေတယ်၊ ဆံပင်ပိုကျွတ်စေပါတယ်။

ခေါင်းလျှော်ပြီးရင် Conditioner သုံးပေးတဲ့ အကျင့်လုပ်ပေးပါ။ Conditioner သုံးမှ ဆံသားက ပိုကောင်းလာမှာပါ။ ခေါင်းလျှော်ရည်တစ်မျိုးပဲသုံးလို့ ဆံသားပိုကောင်းမလာပါဘူး။ ဆံပင်လည်း ကျွတ်ပြီး ဖွာစေတယ်။ နှစ်ခွတွေလည်း ဖြစ်စေပါတယ်။

ခေါင်းဖြီးတဲ့အခါမှာ အရင်းကနေ ဘယ်တော့မှ စမဖြီးပါနဲ့။ ဆံသားနာပြီး ဆံပင်ကျွတ်စေပါတယ်။ အရင်းကနေ စပြီး ဖြေးဖြေးချင်းရှင်းပါ။ ဖြီးပေးပါ။ ခေါင်းဖြီးရင် စိတ်ရှည်ပေးပါ။

ဆံပင်ကို တင်းကျပ်နေအောင် အမြဲစည်းထားတာက ဆံသားပျက်စီးစေပါတယ်။ ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်စည်းမယ်ဆိုလည်း လျော့လျော့လေးပဲစည်းပါ။

ဆံပင်က နေရောင်ခြည်အရမ်းထိတာများရင် ဆံသားအဆီဓာတ်ဆုံးရှုံးပြီး ဆံသားခြောက်သွေ့စေတယ်။ ဆံသားဖွာစေတယ်။ ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲထွက်ရင် ထီးဆောင်းပါ။ ဆံပင်တိုရင် ဦးထုပ်ဆောင်းပါ။

Source: www.brightside.me