စုံတွဲတွေကြားမှာ အမြဲတမ်းအဆင်ပြေနေဖို့၊ ပျော်ရွှင်နေဖို့ဆိုတာကလည်း နှစ်ယောက်လုံးနဲ့ သက်ဆိုင်ပါတယ်။ ချစ်တော့ချစ်တယ် ဒါပေမယ့် ရှိသင့်တဲ့အရာတွေ မရှိဘူးဆိုရင် ခဏခဏ ရန်ဖြစ်စကားများလိုက်၊ အနေဝေးနေသလို စိတ်ချင်းမနီးသလို ခံစားရလိုက်နဲ့ ဖြစ်နေမှာပါ။ ဒါကြောင့် စုံတွဲတွေကြားမှာ ဒီအရာ ၆ ခုကတော့ အမြဲတမ်းရှိနေသင့်တဲ့ပါတယ်။

အဆက်အသွယ်မပြတ်ရှိနေပါ

အမြဲနေ့တိုင်း ဖုန်းဆက်စကားပြောပါ။ Online မှာ စကားပြောနေတာ၊ အမြဲ Chat နေတာပဲဆိုပြီး ဖုန်းလုံးဝမပြောတာမျိုး မလုပ်ပါနဲ့။ ကြာလာရင် ဖုန်းလေးတောင်မဆက်ဘူးဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ညိုညင်တာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် အနေဝေးနေတာမျိုးမဟုတ်လည်း တစ်နေ့တစ်ခါလောက်တော့ ဖုန်းဆက်ပါ။

ပွင့်လင်းမှုရှိပါ

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိရင် အကောင်းဆုံးပါပဲ။ လိမ်ညာနေတဲ့ကိစ္စတွေထက် ပွင့်ပွင့်လင်းလင်းပြောပြီး အဆင်ပြေအောင်နေရင် ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ရမှာပါ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ပြောချင်တာတွေကို ပွင့်ပွင့်လင်းလင်းမပြောရင် တစ်ဖက်လူကလည်း ဘာမှလုပ်ပေးလို့ရမှာ မဟုတ်ပါဘူး။

နားလည်မှုရှိပါ

ဘယ်လောက်ချစ်ချစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိရင် အမြဲတမ်း ပြဿနာတွေတက်ပြီး ရန်ဖြစ်စကားများနေရမှာပါ။ ဒါကြောင့် နားလည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။

ယုံကြည်မှုရှိပါ

ယုံကြည်မှုမရှိရင် အမြဲတမ်းသံသယတွေများပြီး စိုးရိမ်ပူပန်နေရမယ်၊ တစ်ဖက်ကလည်း ကြာရင် စိတ်ပျက်လာမယ်၊ နှစ်ယောက်လုံးအတွက် ကောင်းတာမရှိပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လည်း လိုပါတယ်။

ဂရုစိုက်ကြင်နာမှုရှိပါ

တစ်ယောက်နဲ့တစ်ယောက် သေးသေးလေးကအစ ဂရုစိုက်ကြင်နာပေးရင် အမြဲတမ်း ရိုးမသွားပဲ ပျော်စရာကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ Relationship လေး ဖြစ်လာမှာပါ။

သစ္စာရှိပါ

အရေးကြီးတဲ့ နောက်ဆုံးအရာကတော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ပါပဲ။ တစ်ခါသစ္စာပျက်ဖူးရင် နောက်ထပ်အဆင်ပြေနိုင်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် ခဏတာသာယာမှုအတွက်နဲ့ ကိုယ့် Relationship ကို မဖျက်စီးပဲ သစ္စာရှိပေးပါ။