မျက်နှာလေး ရေဓာတ်ပြည့်ပြီး Glow နေစေဖို့ဆိုရင် Serum တို့ Ampoules တို့ကို သုံးပေးဖို့ လိုပါတယ်။ Skincare သေချာလုပ်တော့မယ်ဆိုရင် Skincare Steps တွေထဲမှာ Serum (သို့) Ampoule ကို ထည့်ပေးပါ။ Serum နဲ့ Ampoule ရဲ့ လုပ်ဆောင်ချက်က တူတူပါပဲ။ ဘယ်လိုအဆင့်မှာ လိမ်းရမလဲဆိုရင်တော့ Toner, Essence, Serum (or) Ampoule, Moisturizer ပါ။ ဒီတစ်ခါမှာတော့ အရေးအကြောင်းတွေသက်သာဖို့ သုံးချင်သူများ အတွက် 2020 ရဲ့ အကောင်းဆုံး ကိုရီးယား Anti-Aging Serums & Ampoules တွေကို မျှဝေပေးလိုက်ပါတယ်။
Serum (or) Ampoule လိမ်းမယ်ဆိုရင် အသားခြောက်တဲ့ Dry Skin သမားတွေကတော့ မနက်၊ ည လိမ်းနိုင်ပါတယ်။ အဆီပြန်တဲ့သူတွေ Oily Skin, Combination Skin တွေကတော့ ညဘက်ပဲ လိမ်းပါ။ မနက်ပိုင်းလိမ်းရင် အဆီတွေများပြီး အဆီဖုတွေ ပေါက်လာနိုင်တဲ့အတွက် ညဘက်ကိုသာ အဓိကထားလိမ်းပေးပါ။
The Plant Base – Time Stop Collagen Ampoule
COSRX – Triple C Lightning Liquid
I’m From – Ginseng Serum
iUNIK – Beta-Glucan Power Moisture Serum
Purito – Snail Repair Advanced Serum
Dr. Ceuracle – Royal Vita Propolis 33 Ampoule
Source: www.koreanskincaretips.com