ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာစားပေးဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အဆီတွေကို ချေဖျက်ပေးမယ့် ဖျော်ရည်တွေကိုလည်း သောက်ပေးသင့်ပါတယ်။

တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာလောက်သောက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် အဆီလောင်ကျွမ်းစေမယ့် ဖျော်ရည်အနည်းဆုံး တစ်ခွက်လောက်သောက်ပေးဖို့ အကြံပြုချင်ပါတယ်။

အသီးအရွက်ဖျော်ရည်

အစာမစားခင်မှာ အသီးအရွက်ဖျော်ရည်လတ်လတ်ဆတ်ဆတ်တစ်ခွက်လောက် ဖျော်သောက်လိုက်ပါ။ အဲဒီလိုသောက်ပေးတာဟာ အစားအလွန်အကျွံစားမိခြင်းကိုလည်း ကာကွယ်ပေးနိုင်သလို ကယ်လိုရီများများစားသုံးမိခြင်းကိုလည်း လျှော့ချပေးပါတယ်။ မုန်လာဥနီ၊ နံနံပင်၊ ပန်းသီး စသဖြင့် ရောပြီး ဖျော်သောက်ပေးလို့ရပါတယ်။

ရေနဲ့ သံပုယိုသီး

ရေတစ်ခွက်ထဲမှာ သံပုရာသီးညှစ်ပြီးသောက်ပေးခြင်းအားဖြင့် အသားအရေကို ပိုပြီးလှပလာစေပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

ရေနွေးတစ်ခွက်ထဲမှာ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးသောက်လိုက်ပါ။

Green Tea

Green Tea ရေနွေးကြမ်းသောက်ပေးတာဟာလည်း အဆီတွေကိုကျစေပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို ကျစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်လောက် သောက်ပေးသင့်ပါတယ်။

အုန်းရည်

အုန်းရည်လတ်လတ်ဆတ်ဆတ်သောက်ပေးတာဟာ အဆီကို ကျစေပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်ပြီး သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေစေမှာပါ။

ဂျင်းလက်ဖက်ရည်

ဂျင်းလက်ဖက်ရည်ဟာ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ရေတစ်ခွက်၊ ဂျင်းပါးပါးလှီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ လိုပါတယ်။ အရင်ဆုံး ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး မီးဖိုပေါ်ကချကာ ဂျင်းထည့်လိုက်ပါ။ ပြီးရင် အဖုံးဖုံးထားပြီး ၅ မိနစ်လောက်ထားပါ။ အချိုကြိုက်ရင် ပျားရည်နည်းနည်းထည့်ပါ။

သစ်ကြမ်းပိုးခေါက်နဲ့ ပန်းသီး

သစ်ကြမ်းပိုခေါင်းနဲ့ ပန်းသီးကိုလည်း ဖျော်ရည်လုပ်ပြီးသောက်ပေးနိုင်ပါတယ်။

ပန်းသီး တစ်လုံး၊ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေခဲတုံး ၁ ခွက် စာလိုပါတယ်။ ပန်းသီးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။ သစ်ကြမ်းပိုးခေါက်မှုန့်ထည့်ပြီး ကြိတ်စက်ထဲမှာ ကြိမ်လိုက်ပါ။ ပြီးရင် ရေခဲတုံးထည့်ပါ။ ရေနည်းနည်းထည့်ပါ။ အဲဒီနောက် ရေခဲပျော်တဲ့ထိထားပြီး သောက်ပေးလို့ရပါပြီ။