ပိုက်ဆံစုတဲ့နေရာမှာ (၅၀/၃၀/၂၀) စည်းမျဉ်းကို အသုံးပြုကြည့်ပါ။ ထိရောက်တာကို တွေ့ရပါလိမ့်မယ်။ (၅၀/၃၀/၂၀ ) စည်းမျဉ်း ဆိုတာဘာလဲဆိုတာ ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

ဝင်ငွေရဲ့ (၅၀) % ကိုလိုအပ်တာတွေအတွက် အသုံးပြုပါ

entrepreneur working from home on his personal finances and savings

Photo : Freepik

ဝင်ငွေရဲ့ (၅၀) % ကို မသုံးလို့မဖြစ်တဲ့ နေရာတွေမှာ အသုံးပြုပါ။ ဥပမာ အိမ်ငှားခ၊ မီတာခ၊ သွားစရိတ်လာစရိတ်၊ အာမခံကြေး၊ ချေးငွေပြန်ဆပ်တာ စဖြင့် သုံးကိုသုံးရမယ့် အသုံးစရိတ်တွေအတွက် ဖယ်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လိုအပ်တာနဲ့ လိုချင်တာကို မရောထွေဖို့ သတိပေးပါရစေ။ အိမ်မှာ ဂိမ်းစက်ဝယ်ထားချင်တာက လိုချင်တာပါ။ အမှန်တကယ် လိုအပ်တာမဟုတ်ပါဘူး။ အဝတ်အစားအသစ်တွေကလည်း လိုအပ်မှဝယ်ပါ။

ဝင်ငွေရဲ့ (၃၀) % ကိုလိုချင်တာတွေအတွက် အသုံးပြုပါ

two beautiful girls make purchases in the clothing store

Photo : Freepik

ကဲအခု ဝင်ငွေရဲ့ (၃၀) % ကိုလိုချင်တာတွေအတွက် အသုံးပြုလို့ရပါပြီ။ အပြင်ထွက်ညစာစားတာ၊ ဈေးဝယ်ထွက်တာ၊ ဂိမ်းစက်ဝယ်တာ စဖြင့် မိမိလိုချင်တဲ့ အရာတွေအတွက် ဝင်ငွေရဲ့ (၃၀) % ကိုအသုံးပြုလို့ရပါတယ်။ အဲ့ဒီရာခိုင်နှုန်းထက် ပိုပြီးတော့ လိုချင်တာတွေအတွက် အသုံးမပြုဖို့ လိုအပ်ပါတယ်။

(၅၀/၃၀/၂၀)စည်းမျဉ်းက သင့်ဘဝကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ စည်းမျဉ်းတစ်ခုမဟုတ်ပါဘူး။ ဒီစည်းမျဉ်းက ပိုက်ဆံကိုမလိုအပ်ဘဲ အသုံးမပြုမိအောင် တားဆီးပေးတဲ့ စည်းမျဉ်းတစ်ခုပါ။ လိုချင်တာနဲ့လိုအပ်တာကို မခွဲတက်ဘူးဆိုရင် မိမိကိုယ်ကို ဒါမရှိဘဲနဲ့ ငါနေနိုင်လားဆိုတဲ့ မေးခွန်းကို ပြန်မေးပါ။

ဝင်ငွေရဲ့ (၂၀) % ကိုစုဆောင်းထားပါ

Businesswoman showing coins with white piggybank on desk

Photo : Freepik

ဝင်ငွေရဲ့ (၅၀) % ကို မသုံးလို့မဖြစ်တဲ့ နေရာတွေမှာ အသုံးပြုပြီးပြီ။ ဝင်ငွေရဲ့ (၃၀) % ကိုလိုချင်တာတွေအတွက် အသုံးပြုလိုက်ပြီ။ ပြီးရင်တော့ ကျန်တဲ့ (၂၀) % ကို နောင်ရေးအတွက် စုဆောင်းထားလိုက်ပါ။ ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက် ဒီ ကျန်တဲ့ (၂၀) % ကိုစုဆောင်းထားဖို့ လိုအပ်ပါတယ်။