အတည်တွဲဖို့ ဘယ်တော့မှ မစဉ်းစားတတ်တဲ့ ယောက်ျားလေးတွေ အများအပြားရှိပါတယ်။ သင်က အဲ့လို ယောက်ျားမျိုးနဲ့ တွဲနေတယ်ဆိုရင်တော့ သင့်အတွက် ရေရှည်မှာ ကောင်းမှာ မဟုတ်ပါဘူး။ သင်က သူတို့ကို စောလက်တွဲဖြုတ်လေ စောပြီး လက်တွဲဖော်အစစ်အမှန်နဲ့ တွေ့ဖို့ အခွင့်အရေးများလေပါပဲ။ သင်နဲ့ အဆင်မပြေတဲ့သူမျိုးဆိုရင် စောစောတည်းက မချစ်မိတာ အကောင်းဆုံးပါ။ ဒီတော့ သင်ဘယ်တော့မှ မချစ်သင့်တဲ့ ယောက်ျားအမျိုးအစားတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Mama Boy
Photo Source: A Conscious Rethink
ဒီအမျိုးသားလေးတွေက ကိုယ့်ဘာကိုယ် မဆုံးဖြတ်နိုင်တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် အမေဆီက အကူအညီတောင်းတတ်ပါတယ်။ သူတို့ဝတ်တဲ့ အဝတ်အစားတိုင်းကိုလည်း အမေကပဲ ဆင်ပေးထားတာပါ။ အသက်ကြီးတဲ့အချိန်ထိ ဖျားတိုင်း အမေက ပြုစုရတုန်းပဲဆိုရင်တော့ သင်က သူနဲ့ယူမိရင် အိမ်မှုကိစ္စတွေ တစ်ယောက်တည်း လုပ်နေရပါလိမ့်မယ်။
၂။ အတည်မတွဲတတ်သူ
Photo Source: Pinterest
အချစ်ရေးတစ်ခုမှာ အခြေကျဖို့ ၊ ခြေချုပ်မိဖို့ အင်မတန်ကြောက်သူတွေ ဖြစ်ပါတယ်။ သူတို့က လက်ထပ်ဖို့ကို ဘယ်တုန်းကမှ မတွေးဖူးပါဘူး။ သူတို့တွဲသမျှ မိန်းကလေးတွေနဲ့လည်း အလေးအနက် သိပ်မထားဘဲ ပေါ့ပေါ့ပျက်ပျက် နေတတ်သူတွေ ဖြစ်ပါတယ်။ သင်က ဒီလိုလူမျိုးကို ချစ်မိရင်တော့ သူတို့ စိတ်ပြောင်းဖို့ လုံးဝစောင့်မနေပါနဲ့တော့။
၃။ Player
Photo Source: Relationship Rules
Player အမျိုးအစား ကောင်လေးတွေက မိန်းကလေးတွေကို ကစားဖို့ပဲ စဉ်းစားတတ်သူတွေ ဖြစ်ပါတယ်။ သင်က သူတို့နဲ့ တွဲမိမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ သူတို့က ခြံခုန်တဲ့ စာရင်းထဲပဲ ဝင်သွားမှာပါ။ သူနဲ့ တွဲတဲ့ အပေါင်းအသင်းအများစုကလည်း ခပ်မိုက်မိုက် မိန်းကလေးတွေပဲ ဖြစ်နေတတ်ပါတယ်။ သင်က ဒီလိုယောက်ျားမျိုးကို ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။
၄။ ကိုယ်ဖို့ပဲ ကြည့်သူ
Photo Source: Verywell Mind
သူတို့က တစ်စုံတစ်ယောက်နဲ့ အချစ်ကြီး ချစ်မိသူတွေ ဖြစ်ပါတယ်။ အဆိုပါ တစ်စုံတစ်ယောက်ကတော့ သူတို့ကိုယ် သူတို့ပါပဲ။ ကိုယ့်ဖို့ပဲ ကြည့်တတ်တဲ့ ယောက်ျားလေးတွေက သင့်ခံစားချက်၊ သင့်လိုအင်တွေကို လုံးဝ မစဉ်းစားပေးတတ်ပါဘူး။ သူတို့ဘဝ၊ သူတို့ လိုတာကိုပဲ တွေးနေတတ်ပါတယ်။
၅။ စိတ်မချရသူ
Photo Source: HuffPost
သင်နဲ့ သူ ဒီနေ့ စကားပြောရတာ အဆင်ပြေပေမယ့် နောက်နေ့ကျတော့ သူစိမ်းတွေ ဖြစ်သွားသလိုပါပဲ။ သူတို့ကို ဘယ်တော့မှ ယုံယုံကြည်ကြည် စိတ်ချလို့ မရပါဘူး။ သူတို့က သင့်ကို သဘောကျခဲ့ရင်တောင် အချင်းချင်း စာပို့တဲ့ အဆင့်မှာပဲ ရပ်သွားတတ်ပါတယ်။ ပြောတာနဲ့ လုပ်တာ တစ်လွဲ ဖြစ်နေတတ်တဲ့ ယောက်ျားမျိုးတွေ ဖြစ်ပါတယ်။
သင်က ဒီအမျိုးအစားတွေထဲက ဘယ်လိုယောက်ျားလေးမျိုးနဲ့ ဆုံခဲ့ဖူးလဲ ပြောပြခဲ့ပါဦး။
By MyStyle Myanmar




