အားလုံးပဲ မင်္ဂလာပါ။ သင်က ရည်းစားထားဖူးသည်ပဲဖြစ်ဖြစ် မထားဖူးဘူးပဲဖြစ်ဖြစ် ချစ်သူရှိတဲ့အချိန် ဖြတ်ကျော်ရမယ့် အဆင့် ၅ ဆင့်ကို ဖော်ပြပါရစေ။ အဆင့် ၃ ရောက်တဲ့အချိန်မှာတော့ တချို့တွေက လမ်းခွဲပြတ်စဲတတ်ကြပါတယ်။ အဆင့် ၃ ကို ဖြတ်ကျော်ပြီး အဆင့် ၄ နဲ့ ၅ ကို ရောက်နိုင်ရင်တော့ ပိုရိုးသားပြီး ပိုလေးနက်တဲ့အချစ်ရေးကို တည်ဆောက်နိုင်ပါပြီ။ အဆင့် (၅) ဆင့်က ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

အဆင့် (၁) အရာရာက ဆန်းသစ်နေပြီး ရင်ခုန်ဖွယ်ကောင်းတဲ့အဆင့်


ပထမအဆင့်ကတော့ ပျော်စရာအကောင်းဆုံးပါပဲ။ သူ့အကြိုက်ကိုယ့်အကြိုက်ဖလှယ်ဖြစ်တယ်။ သူနဲ့ တွေ့ရတဲ့ နေရာတွေကလည်း မလှရင်တောင် ကိုယ့်မျက်လုံးထဲ လှနေတတ်ပါတယ်။ သူ့အကြောင်းကို တစ်ချိန်လုံးတွေးနေမိတယ်။ အခုချိန်် သူများ ကိုယ့်ကို လွမ်းနေမလား ရင်ခုန်နေရတဲ့ အချိန်ပါပဲ။ သူနဲ့ တစ်သက်လုံး ချစ်သွားမယ်ဆိုပြီး စိတ်ကူးယဉ်အကောင်းဆုံး အဆင့်ပါ။

အဆင့် (၂) အခြေကျပြီ


သူ့အလုပ်ကိုယ့်အလုပ် တာဝန်တကျ ဖြစ်နေပါပြီ။ သူ့အကြောင်း ကိုယ့်အကြောင်းကိုလည်း သေချာသိနေပြီဖြစ်တဲ့အဆင့်ပါ။

အဆင့် (၃) လောကဓံရိုက်ခတ်လာပြီ


ဒါကတော့ ရည်းစားထားပြီး အိမ်ထောင်ပြုတဲ့ ချစ်သူစုံတွဲတွေမှာတွေ့နိုင်ပါတယ်။ ငွေကြေးအဆင်မပြေလို့၊ အချိန်မရလို့ စတဲ့ ဒုက္ခတွေကို ကြုံလာရပါပြီ။ ဒီအဆင့်မှာတော့ စုံတွဲတွေဟာ သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲပြတ်စဲတတ်ကြပါတယ်။

အဆင့် (၄) အချင်းချင်း လေးနက်စွာ နားလည်လာပြီ


အဆင့် (၄) ကတော့ တော်တော်နဲ့ မပြတ်တော့မယ့် စုံတွဲတွေရဲ့ အဆင့်ပါ။ သူ့ရဲ့ ဆိုးကွက်တွေ၊ မကောင်းတာတွေကို နားလည်ပေးနိုင်ပါပြီ။ သူလိုအပ်တဲ့အရာကို သိနေပြီ….ကိုယ်လိုအပ်တဲ့ အရာကိုလည်း သင်သိနေပါပြီ။

အဆင့် (၅) ရှေ့ဆက် လက်တွဲဖို့ အဆင်သင့်ဖြစ်ပြီ


ဒီနောက်ဆုံးအဆင့်မှာတော့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အေးအတူ ပူအမျှ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ခရီးအတူတူထွက်ပြီး ဝါသနာပါရာတွေကိုလည်း အတူတူလုပ်ဆောင်နိုင်ပြီဖြစ်တဲ့ အဆင့်ဖြစ်ပါတယ်။

သင်ကော သင့်ချစ်သူနဲ့ ဘယ်အဆင့်ထိ ရောက်ပြီလဲ ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar