Stress တွေများနေပေမယ့် အပြင်သွားပြီးတော့လည်း relax မလုပ်ချင်ဘူး။ ဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူး တစ်ယောက်ထဲပဲ နေချင်တယ်ဆိုတဲ့သူတွေအတွက် တစ်ယောက်ထဲ အိမ်မှာနေပြီး stress တွေကိုလျှော့ချနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တဲ့အခါ ဒီစာအုပ်ထဲကို စိတ်ရောက်နေတဲ့အတွက် စိတ်နှစ်ထားတဲ့အတွက် တခြားဆီကို အာရုံမရှိတော့ပါဘူး။ ဒါကြောင့် ဘာမှလည်းသိပ်မတွေးဖြစ်တော့ပဲနဲ့ စိတ်ညစ်စရာတွေကိုလည်း မေ့နေစေပါတယ်။ အကျိုးရှိစေတဲ့စာအုပ်တွေဖတ်ရင် ဗဟုသုတရပြီး ကိုယ့်အတွက်အကျိုးရှိစေသလို ဝတ္ထုစာအုပ်တွေဖတ်မယ်ဆိုလည်း ကိုယ့်အတွက် စိတ်အပန်းဖြေစရာ ဖြစ်စေပါတယ်။

အိမ်အလုပ်လုပ်ပါ

 

Stress တွေများပြီး စိတ်ညစ်နေရင် အိမ်အလုပ်တွေဖြစ်တဲ့ အဝတ်လျှော်တာ၊ မီးပူတိုက်တာ၊ အိမ်ရှင်းတာ၊ ကိုယ့်အခန်းကိုရှင်းတာ စတာတွေကို လုပ်ပစ်လိုက်ပါ။ Stress တွေသိသိသာသာ လျော့ကျပြီးတော့ အချိန်ကုန်လို့ကုန်မှန်းတောင် သိတော့မှာမဟုတ်ပါဘူး။

ရုပ်ရှင်ကြည့်ပါ

ဘာမှမလုပ်ချင်တဲ့သူတွေဆိုရင်တော့ stress တွေလျော့ကျအောင် ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ထဲစိတ်ရောက်နေတဲ့အတွက် စိတ်ညစ်စရာတွေ၊ ပင်ပန်းစရာတွေ အားလုံးကိုမေ့ပြီး စိတ်ပေါ့ပါးနေမှာပါ။ Relax အပြည့်အဝလုပ်ချင်ရင်တော့ မုန့်တွေနဲ့ ရုပ်ရှင်အေးအေးကြည့်ပစ်လိုက်ပါ။

တရားထိုင်ပါ

အိမ်မှာနေပြီး stress တွေလျှော့ချချင်ရင်တော့ မဖြစ်မနေလုပ်ပေးသင့်တာက တရားထိုင်တာပါပဲ။ တရားထိုင်ပေးတာက စိတ်ရောကိုယ်ပါ အေးချမ်းတည်ငြိမ်စေပြီး stress တွေလည်း လျော့ကျစေပါတယ်။

အိပ်ပါ

အိပ်ရေးဝနေရင် စိတ်ကြည်လင်ပြီးနေလို့ကောင်းပါတယ်။ Stress တွေများနေချိန် အိပ်ရေးမဝရင် စိတ်အခြေအနေ ပိုဆိုးစေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ နေ့ခင်းလည်း တစ်ရေးတစ်မောအိပ်ပါ။ အားအင်ပြည့်ဝစေပါတယ်။