တချို့က မိတ်ကပ်တွေ အများကြီးလိမ်းရတာ၊ Foundation တွေ သုံးရတာကို မကြိုက်ကြပါဘူး။ BB Cream ကို ပါးပါးလေးလိမ်းရတာမျိုးပဲ ကြိုက်ကြတယ်။ ဒီလို BB Cream ပဲကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးအဖြစ်ရွေးချယ်ခြင်းခံထားရတဲ့ BB Cream (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Maybelline New York Dream Fresh BB Cream

SPF 30 ပါဝင်လို့ နေရောင်ခြည်ဒဏ်လည်း ကာကွယ်ပေးပါတယ်။ ဘယ်လိုအသားအရေနဲ့မဆို သင့်တော်ပြီး Coverage လည်း ကောင်းကောင်းပေးနိုင်ပါတယ်။

Clinique Acne Solutions BB Cream

SPF 40 ပါဝင်လို့ နွေရာသီအတွက် အကောင်းဆုံးပါပဲ။ သူကတော့ အဆီပြန်ခြင်းကို ထိန်းပေးနိုင်လို့ အဆီပြန်တဲ့အသားအရေပိုင်ရှင် Oily Skin, Combination Skin တွေနဲ့ ပိုသင့်တော်ပါတယ်။

MISSHA M Perfect Cover BB Cream

ကိုရီးယားပစ္စည်းတွေ သုံးရတာကြိုက်တဲ့သူတွေအတွက်တော့ ဒီ BB Cream က ကိုရီးယားမှာ အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ သူ့မှာက SPF 42 ပါဝင်ပြီး Coverage ကောင်းကောင်းပေးနိုင်တယ်။ မျက်နှာလေးကို ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်စေပါတယ်။

Burt’s Bees BB Cream

SPF 15 ပါဝင်ပြီး သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ BB Cream ဖြစ်တာကြောင့် Sensitive Skin တွေနဲ့ အသင့်တော်ဆုံးပါ။ ဒါ့အပြင် အသားအရေကို ရေဓာတ်လည်းပေးတဲ့ BB Cream ဖြစ်တာကြောင့် အသားခြောက်တဲ့ Dry Skin တွေနဲ့လည်း အသင့်တော်ဆုံးပါပဲ။

Neutrogena Healthy Skin Anti-Aging Perfector

SPF 20 ပါဝင်ပြီး Anti-Aging BB Cream ဖြစ်တာကြောင့် လူကြီးတွေလိမ်းလို့ အကောင်းဆုံးပါပဲ။ လူကြီးတွေဆိုပေမယ့် အသက် ၂၅ ကျော်ကစပြီးသုံးရင်လည်း ကောင်းပါတယ်။

Source: www. byrdie.com