Toxic ဖြစ်စေတဲ့သူတွေနဲ့က မပတ်သက်တာပဲ ကောင်းပါတယ်။ သူတို့က ကိုယ့်အတွက်ဘာအကျိုးမှမရှိသလို၊ စိတ်ဒုက္ခပေးတတ်တဲ့သူတွေပါ။ ဒါကြောင့် အမြဲတမ်းစိတ်ချမ်းသာစွာနဲ့ နေချင်ရင်တော့ ကိုယ့်ဘဝထဲကနေ Toxic ဖြစ်စေတဲ့ ဒီလိုလူစား (၄) မျိုးကို ဖယ်ထုတ်ထားသင့်ပါတယ်။

Negative ဆန်တာတွေပဲပြောတဲ့သူ

အမြဲတမ်း ဘယ်အရာကိုပဲဖြစ်ဖြစ် negative ဆန်တဲ့အတွေးတွေနဲ့ negative ဆန်တာတွေပဲပြောပြီး အရာရာကို မကောင်းတဲ့ဘက်ကတွေး၊ မကောင်းတဲ့စိတ်နဲ့ပဲ ပြောဆိုနေတဲသူတွေက တကယ့်ကို toxic ဖြစ်တဲ့သူတွေပါ။ သူတို့နားမှာနေရင် ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။

Victims လိုက်လုပ်တဲ့သူ

Victims လိုက်လုပ်တတ်တဲ့သူတွေက တခြားသူကိုလုပ်သလို သင့်ကိုလည်းလုပ်မှာပါပဲ။ လိုက်ကဲ့ရဲ့ပြီး အပြစ်တင်ပြောဆိုနေတာ၊ သူ victims လုပ်တာတွေကိုနားထောင်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်တာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုလူတွေနဲ့ မပတ်သက်ပဲ ကိုယ့်ဘဝထဲကပါ ဖယ်ထုတ်ထားသင့်ပါတယ်။

မနာလိုစိတ်အမြဲရှိတဲ့သူ

မနာလိုစိတ်အမြဲရှိတဲ့သူတွေက ဘယ်လောက်ပဲခင်နေပါစေ အပြင်မှာတစ်မျိုးဆက်ဆံပြီး အတွင်းစိတ်ထဲကနေ ကြိတ်ပြိုင်၊ ကြိတ်မနာလိုဖြစ်နေကြတာပါ။ တချို့ဆို ချောက်ချတာတွေတောင် ရှိပါတယ်။ ဒီလိုလူတွေဆီက စစ်မှန်တဲ့ခင်မင်မှုကို မရနိုင်ပါဘူး။ ဒီလူတွေက ကိုယ့်ဘဝထဲကနေဖယ်ထုတ်သင့်တဲ့ toxic လူစားမျိုးတွေပါ။

ဘယ်သူ့ကိုမှဂရုမစိုက်တဲ့သူ

ဘယ်သူ့မှဂရုမစိုက်ပဲ ကိုယ့်စိတ်နဲ့ကိုယ်နေတာက ကောင်းတော့ကောင်းပေမယ့် တချို့ကျ အရမ်းအစွန်းရောက်လွန်းပါတယ်။ မှားနေတယ်ပြောလည်းလက်မခံ၊ ဘယ်အရာကိုမှ ပြောဆိုလို့မရ၊ ကိုယ်ပြောတာသာအမှန်၊ ကိုယ်လုပ်တာသာအမှန်ဆိုပြီး တစ်ဖက်ပိတ်ဖြစ်နေတဲ့သူတွေ ရှိပါတယ်။ ဒီလိုလူတွေပတ်သက်မိရင် စိတ်တိုပြီးဒေါသထွက်ရတာ၊ အကုသိုလ်များရတာပဲ ရှိပါတယ်။