မြဲတဲ့ အတွဲတွေဟာ ကြိုးစားအားထုတ်မှု အများအပြား လိုအပ်ပါတယ်။ ယုံကြည်မှု၊ အချင်းချင်း လေးစားမှု၊ ကောင်းမွန်တဲ့ ဆက်သွယ် ဆက်ဆံမှု စတာတွေ လိုအပ်ပါတယ်။ အကြာကြီး တွဲနိုင်ဖို့ အချိန်ခဏလေးနဲ့ ကြိုးစားနိုင်တာမျိုး မဟုတ်ပါဘူး။ တစ်ယောက်တည်းကိုပဲ ချစ်နေဖို့၊ ခေါင်းထဲ ထည့်ထားဖို့က လူတစ်ယောက်ရဲ့ ရွေးချယ်မှုပေါ် မူတည်နေပါတယ်။

တချို့တွေကတော့ တစ်စုံတစ်ယောက်နဲ့ အချိန်အကြာကြီး တွဲရတာကို ရိုးအီကြပြီး ခဏတဖြုတ် တွဲဖို့လောက်ပဲ တွေးတတ်ကြပါတယ်။ သင့်အနေနဲ့ အချစ်ရေးမှာ ရေရှည်အတွက်ပဲ ကြည့်ချင်တဲ့သူဆိုရင် ရာသီခွင်တွေကို အခြေခံပြီး ရွေးချယ်နိုင်ပါတယ်။ အခုဖော်ပြထားတဲ့ ရာသီခွင်တွေကတော့ ရေရှည်အတွက် တွေးလေ့ရှိပြီး အချစ်ရေးမှာ မြဲသူတွေ၊ သစ္စာရှိသူတွေ ဖြစ်လေ့ရှိပါတယ်။

၁။ Taurus

Taurus ရာသီဖွားတွေက တည်ငြိမ်ကာ စိတ်ချရတဲ့အထဲ ပါဝင်ပါတယ်။ သူတို့က ရည်းစားထားပြီဆိုရင် သူ့ချစ်သူဆီမှာပဲ အလုံးစုံ မြှုပ်နှံထားကြပါတယ်။ Taurus တွေက မလုံခြုံတာ၊ ရုတ်တရက် ပြောင်းလဲတာတွေကို မကြိုက်ကြပါဘူး။ အသစ်အသစ်တွေကို စမ်းကြည့်ချင်သူတွေဖြစ်ကာ ပျင်းဖို့မကောင်းတဲ့ ရာသီခွင် ပိုင်ရှင်တွေ ဖြစ်ပါတယ်။ သူတို့က ချစ်သူနဲ့ စွန့်စား လုပ်ကိုင်ရတာတွေကို နှစ်သက်လေ့ရှိကြပါတယ်။ ချစ်သူကိုလည်း ငြီးငွေ့မှု မရှိအောင် ထားတတ်ကြပါတယ်။

၂။ Cancer

Cancer တွေက အင်မတန် ဂရုစိုက်ကြင်နာ တတ်သူတွေ ဖြစ်ပါတယ်။ သူတို့က သူတို့ ခံစားချက်တွေကို ဖွင့်ချရမှာ မကြောက်ကြဘဲ တခြားသူနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ ချစ်ရတဲ့ လူရဲ့ စိတ်ခံစားချက်အတိုင်း အပြည့်အဝ ဖြည့်ဆည်းပေးတတ်ပြီး ပြဿနာဖြစ်ခဲ့ရင်လည်း ဒီပြဿနာ အဖြေကို ရှာကာ ဖြေရှင်းတတ်ကြပါတယ်။ သံယောဇဉ်ကြီးသူတွေက Cancer တွေ ဖြစ်ပြီး သစ္စာရှိကြပါတယ်။

၃။ Virgo

Virgo ရာသီဖွားတွေက တပါးသူကို မှီခိုချင်သူတွေ ဖြစ်ပါတယ်။ ပြဿနာတစ်ခုခု ရှိခဲ့ရင် ချစ်ရသူနဲ့ အတူတူ ဖြေရှင်းချင်ကြပါတယ်။ အဖွဲ့လိုက် လုပ်ကိုင်တဲ့နေရာမှာ Virgo တွေက ကျွမ်းကျင်ကြပါတယ်။ သစ္စာရှိကြကာ ကြင်နာတတ်သူတွေက Virgo တွေ ဖြစ်တာကြောင့် ရေရှည်တွဲသင့်သူတွေ ဖြစ်ပါတယ်။

၄။ Libra

Libra ရာသီခွင် ပိုင်ရှင်တွေက ရေရှည် အချစ်ရေးကို ပိုအလိုရှိကြပါတယ်။ ချစ်သူနဲ့ အေးအတူ ပူအမျှ ဖြတ်သန်းချင်ကြသူတွေ ဖြစ်ပါတယ်။ အချစ်ရေးတစ်ခု တည်မြဲဖို့ အစွမ်းကုန် ကြိုးစားကြသူတွေ ဖြစ်ပြီး ရိုးသားမှု ရှိကြကာ သူတို့ စိတ်ထဲ ရှိတဲ့အတိုင်း အမှန်အတိုင်း ချစ်သူကို ပြောတတ်ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Libra တွေနဲ့ တွဲမယ်ဆိုရင် ပိုလက်တွဲမြဲပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar