အခုဖော်ပြထားတဲ့ အလေ့အကျင့်တွေကတော့ မနက်ခင်းမှာ ပြုလုပ်နိုင်ပြီး ဝိတ်ကျစေမယ့် ရိုးရှင်းတဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။ ဝိတ်ချရတာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပျိုမေအများစုက ဝိတ်ကျသွားလိုက် ပြန်တက်လာလိုက်နဲ့ သံသရာ လည်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အလေ့အကျင့်တိုင်းကို ပုံမှန်လုပ်ပေးမှ ရမှာပါ။ အခုဖော်ပြထားတဲ့ မနက်ခင်း အလေ့အကျင့်တွေက သင့်ရဲ့ Weight Loss Journey မှာ အထောက်အပံ့ အကြီးကြီး ဖြစ်နိုင်မယ့် အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

၁။ မနက်ခင်းကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စတင်ပါ

မနက်ပိုင်းမှာ Cardio လေ့ကျင့်ခန်း ဒါမှမဟုတ် အလေးမခြင်းနဲ့ စတင်သင့်ပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ရဲ့ ဇီဝဖြစ်စဉ်က ပိုမြန်ဆန်လာပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အရေးကြီးတဲ့ အဓိက အချက်ကတော့ လုပ်တဲ့ လေ့ကျင့်ခန်းတွေကို စိတ်ဝင်တစား ပျော်ပျော်လုပ်နိုင်ဖို့ပါ။ ဒါကြောင့် သင်နှစ်သက်တဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဝိတ်အမြန်ကျဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်း အများစုကတော့ Plank, Burpee, Squat စတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ မနက်ခင်းမှာ ကြိုးခုန်တာ၊ ပြေးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေကလည်း ထိရောက်ပါတယ်။

၂။ Cold Shower ရေအေးနဲ့ ရေချိုးပါ

လေ့လာမှုတွေအရ မနက်ခင်းမှာ ရေအေးနဲ့ ရေချိုးပေးတာက ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး ဝိတ်ကျစေတယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီတွေကို Cold Shower က ချေဖြတ်ပေးနိုင်ပါတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားပါ

သင်က ဘယ်လောက်ပဲ အားကစားလုပ်ပါစေ အစားအသောက်က ကျန်းမာရေးနဲ့ မညီညွတ်ရင်တော့ လုံးဝ မထိရောက်နိုင်ပါဘူး။ မနက်ခင်းမှာ အသီးအရွက်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိုက် မျှမျှတတ စားပေးသင့်ပါတယ်။ အိပ်ချိန်ကိုပါ ဂရုတစိုက် ထားသင့််ပါတယ်။ မနက်တည်းက ကျန်းမာရေးနဲ့ ညီညွတ်တာ စားတဲ့အခါ တစ်နေ့လုံး လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

၄။ ရေတစ်ခွက်သောက်ပါ

မနက်ခင်းမှာ ရေသောက်ပေးတာက အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အိပ်ရာနိုးတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်နေတတ်ပါတယ်။ အစာချေဖျတ်မှု ကောင်းဖို့နဲ့ လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ရေသောက်ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်ဖြစ်တာကြောင့် ရေများများ သောက်ပေးဖို့ လိုပါတယ်။

Photo source: Pinterest

By MyStyle Myanmar