အမြဲတမ်း ဇာတ်ကြောတွေတက်ပြီး ဇာတ်ကြောတင်းနေတာမျိုးတွေ ဖြစ်လေ့ရှိတဲ့သူတွေအတွက် ဇာတ်ကြောတက်တာ၊ ဇတ်ကြောတင်းတာကို သက်သာစေမယ့် အကြောဆန့်လေ့ကျင့်ခန်း ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ကြမ်းမှာထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ခေါင်းကိုတစ်ဖက်စောင်းပြီး လက်နဲ့ကိုင်ထားပါ။ လက်တစ်ဖက်ကတော့ ဒူးကိုကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် နောက်တစ်ဖက်ကိုစောင်းပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အတိုင်း ခေါင်းကို ကြမ်းပြင်နဲ့ထိ၊ ဒူးထောင်ပြီး ခြေဖဝါးနှစ်ဖက်က ကြမ်းပြင်နဲ့ထိပြီး ခန္ဓာကိုယ်အလယ်ပိုင်းက အပေါ်ကိုကော့ထားပေးပါ။ အဲ့ပုံစံနဲ့ စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ ကိုယ်အဆင်ပြေသလောက်နေပေးပါ။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း နေပေးပါ။ လက်တစ်ဖက်ဘေးဆန့်ပြီး နောက်လက်တစ်ဖက်က အရှေ့ကို ဆန့်ထားရပါမယ်။ ခေါင်းကလည်း ပုံထဲကအတိုင်း ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး နောက်တစ်ဖက်ပြောင်းကာ စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။

ဒါကတော့ ကြိုးနဲ့လုပ်ပေးရမယ့် လေ့ကျင့်ခန်းပါ။ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ကြိုးကိုကိုင်ပြီး ဘေးကိုကားလိုက် ပြန်စုလိုက် လုပ်ပေးရမှာပါ။ ဖြေးဖြေးချင်းစီ တစ်မိနစ်လောက်လုပ်ပေးရပါမယ်။

Source:www.self.com