အသက် ၄၀ ကျော် အမျိုးသမီးများအတွက် အကောင်းဆုံးဖြစ်မယ့် မိတ်ကပ် foundation (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Kosas Tinted Face Oil Comfy Skin Tint

အသက်ကြီးလာရင် အသားအရေက ခြောက်သွေ့လာတာများပါတယ်။ ဒီ Foundation ကတော့ မျက်နှာအသားအရေကို moisturizing ဖြစ်စေတာကြောင့် အသားခြောက်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ Skin tint ဖြစ်လို့ လိမ်းရတာ ပေါ့ပါးမှုရှိစေပါတယ်။ ဒါကြောင့် နေ့တိုင်းသုံးဖို့အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

Charlotte Tilbury Airbrush Flawless Longwear Foundation

နာမည်အရမ်းကြီးနေတဲ့ foundation တစ်ခုပါပဲ။ သူကတော့ အသက်အရွယ်မရွေး သုံးလို့အဆင်ပြေပြီး မိတ်ကပ်သားအရမ်းလှပါတယ်။ Full coverage ပေးနိုင်တဲ့အပြင် လိမ်းထားရင် အသားအရေက hydrating ဖြစ်ပြီး ချောမွေ့နေစေပါတယ်။

IT Cosmetics Your Skin But Better Foundation + Skincare

ဒီ foundation ကလည်း အရမ်းနာမည်ကြီးပြီး လူကြိုက်များပါတယ်။ Hyaluronic acid, aloe vera extract, vitamins E and B5 စတာတွေပါလို့ အသားအရေအတွက်ပါ အရမ်းကောင်းပြီး medium coverage ပေးပါတယ်။ မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးနဲ့ အရမ်းလှတာကြောင့် အသက်ကြီးတဲ့သူတွေက စိုစိုပြောင်ပြောင်တွေ၊ glow တာတွေ သိပ်မကြိုက်ကြတော့ ဒီ foundation နဲ့ဆို အဆင်အပြေဆုံး ဖြစ်မှာပါ။

L’Oréal Age Perfect Radiant Serum Foundation Sunscreen

အသက်ကြီးတဲ့သူတွေက sunscreen တကူးတကလိမ်းဖို့ကို သတိမရကြပါဘူး။ အပြင်သွားမယ်ဆို မိတ်ကပ်ပဲ တန်းလိမ်းကြတာများပါတယ်။ ဒီ foundation မှာတော့ SPF 50 sunscreen ပါပြီးသားမို့ အရမ်းအဆင်ပြေသွားတာပေါ့။ လိမ်းရတာလည်း ပေါ့ပါးမှုရှိပြီး hydrating ပေးနိုင်တဲ့ foundation ဖြစ်လို့ အသက်ကြီးတဲ့သူတွေအတွက် သင့်တော်ပါတယ်။ Coverage ကတော့ medium coverage ဖြစ်ပါတယ်။