K-Pop လောကမှာ Idol တွေ ၊ K-Pop အဖွဲ့တွေ့ရဲ့ Fandom တွေက အရေးကြီးတဲ့အရာမလို့ Fandom အတွက် နာမည်ရွေးတဲ့အခါ အဓိပ္ပာယ်ရှိပြီး ပြီးပြည့်စုံတဲ့နာမည်တခုဖြစ်ဖို့ သေချာအချိန်ယူရွေးတတ်ကြပါတယ်။ ဒီလို သေချာအချိန်ယူပေးခဲ့ကြတဲ့ Fandom Name တွေထဲမှ ဘယ်နာမည်က လူကြိုက်အများဆုံးဖြစ်မလဲဆိုတာကို စစ်တမ်းကောက်ခဲ့ပါတယ်။

ဒါကတော့ Fandoms က လူတွေကိုယ်တိုင် ရွေးပေးခဲ့တဲ့ Fandom Name တွေပါ။

1. TVXQ

အဖွဲ့ဝင် ၅ ယောက်ပါတဲ့ TVXQ ရဲ့ Fandom Name က ” Cassiopeia ” ပါ။ အဓိက ကြယ် ၅ လုံး ပါတဲ့ Cassiopeia ကြယ်စုကို အစွဲပြုပြီး Fandom Name အဖြစ် သက်မှတ်ခဲ့ပါတယ်။

2. SEVENTEEN

အဖွဲ့ဝင် ၁၃ ယောက်ပါတဲ့ SEVENTEEN ရဲ့ Fandom Name က ” Carats “ပါ။ ဆိုတာက စိန်တွေကျောက်တွေရဲ့ တန်ဖိုးဖြစ်တဲ့ Carats ကို အဖွဲ့နဲ့ ပရိသတ်နှစ်ဖက်စလုံးရဲ့ အဖိုးတန်အဖြစ် အဓိပ္ပာယ်ယူပြီး ပေးခဲ့တာပါ။

3. MAMAMOO

အဖွဲ့ဝင် ၄ ယောက်ပါတဲ့ MAMAMOO ရဲ့ Fandom Name က ” Moo ” ပါ။ “မုန်လာဥ” ဟု အဓိပ္ပါယ်ရတဲ့ စကားလုံးဖြစ်ပြီး Light Stick ပုံစံကလည်း မုန်လာဥနဲ့တူပါတယ်။

4. TWICE

အဖွဲ့ဝင် ၉ ယောက်ပါတဲ့ TWICE ရဲ့ Fandom Name က “Once” ပါ။ ဒီနာမည်ကို 2015 ခုနှစ်မှာ အဖွဲ့ဝင်တွေက ပရိသတ်တွေကိုပေးခဲ့တာဖြစ်ပြီး သူ့ရဲ့အဓိပ္ပာယ်ဖြစ်တဲ့ “မင်း ငါတို့ကို တစ်ကြိမ်လောက် ချစ်ရင်တောင် ငါတို့ရဲ့အချစ်ကို နှစ်ဆပြန်ဆပ်မှာပါ” ဆိုတာကို Instagram မှာ တင်ခဲ့ပါတယ်။

5. NCT

အဖွဲ့ဝင်အများကြီးပါတဲ့ NCT ရဲ့ အဖွဲ့ဝင်တွေထဲကမှ Ten ရဲ့ Fandom Name က “10velys” ၊ Johnny ရဲ့ Fandom Name က “Johnny” ၊ Haechan ရဲ့ Fandom Name က “Sunflowers” စသဖြင့် ကိုယ်ပိုင် Fandom Name များရှိပါတယ်။

6. ATEEZ

ATEEZ ရဲ့ Fandom Name ကတော့ “ATINY” ပါ။ ဒီစကားလုံးကတော့ “ATEEZ” နဲ့ “destiny,” တို့ကိုပေါင်းစပ်ထားတာပါ။

7. Dreamcatcher

Dreamcatcher အဖွဲ့ရဲ့ Fandom Name ကတော့ “InSomnia” ဖြစ်ပြီး သူ့ရဲ့အဓိပ္ပာယ်ကတော့ အိပ်မက်ထဲမှာလို့ အဓိပ္ပာယ်ရပါတယ်။

8. LOONA

LOONA အဖွဲ့ရဲ့ Fandom Name ကတော့ ကိုရီးယားစာလုံး 오빛 ရဲ့အသံထွက် O-Bit ပါ။ “O” က လကိုကိုယ်စားပြုပြီး Bit က ကိုရီးယားလို “အလင်း” ဖြစ်တာကြောင့် ပရိတ်သတ်တွေက LOONA အတွက် အလင်းပေးသူလို့ အဓိပ္ပာယ်ရပါတယ်။

9. NU’EST

NU’EST အဖွဲ့ရဲ့ Fandom Name ကတော့ LOVE ကို ပုံစံပြောင်းထားတဲ့ ㄴㅇㅌㅅ ပါ။ “NU’EST” ကို ကိုရီယားလိုရေးထားတဲ့ 뉴이스트 ဒီကနေ ဆင်းသက်လာတာပါ။

10. BTOB

BTOB အဖွဲ့ရဲ့ Fandom Name ကတော့ “ Melody ” ဖြစ်ပြီး သီချင်းဖြစ်ဖို့ beat နဲ့ melody က တွဲနေသလို BTOB အတွက်လည်း ဂီတဖန်တီးဖို့ ပရိသတ်လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

11. Super Junior

Super Junior အဖွဲ့ရဲ့ Fandom Name ကတော့ ထာဝရမိတ်ဆွေများအတွက်လို့ အဓိပ္ပာယ်ရတဲ့ ” ELF ” ဖြစ်ပြီး သူ့ရဲ့အရောင်က Pearl Sapphire အပြာပါ။