အကြောင်းအရာတစ်ခုမှာ အကြံပေးသူတွေ၊ မလုပ်သင့်တာတွေ မလုပ်ဖို့ ဆုံးမသူတွေကတော့ အမြဲရှိပါတယ်။ ဒီစည်းကမ်း (၁၀) ခုကတော့ သင့်ဘဝမှာ မချိုးဖောက်သင့်တဲ့အရာတွေဖြစ်ပါတယ်။
၁။ ကလေးတွေက ချစ်ဖို့ကောင်းပါတယ်
တချို့ကလေးတွေက စကားနားမထောင်တာ၊ အဆော့သန်တာတွေရှိပါတယ်။ ဒီဟာကို သင်က ဒီကလေးကို ကြည့်မရဘူး။ ဘယ်လိုကလေးမှန်းမသိဘူးလို့ မပြောမိပါစေနဲ့။ ဒီအမူအရာက ရိုင်းပြရာရောက်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဘယ်လောက်ပဲ အမြင်မကြည်ပါစေ ဘယ်တော့မှ ထုတ်မပြောမိဖို့ သတိထားပေးပါ။
၂။ မင်းအဲ့ထက် ပိုလုပ်နိုင်ရမှာ
လူတစ်ယောက် ရှုံးနှိမ့်တဲ့အချိန် အားမလိုအားမရ ဖြစ်ပြီး မင်းဒီထက် ပိုလုပ်နိုင်ပါတယ်လို့ မပြောမိပါစေနဲ့။ အပြောခံရတဲ့ လူတွေစိတ်ထဲ အနာတရဖြစ်နိုင်ပါတယ်။
၃။ သင်စားချင်တာကို ပွင့်ပွင့်လင်းလင်းပြောပါ
ဆိုင်တစ်ဆိုင်ထိုင်တဲ့အချိန် အကြိုက်မတူလို့ ကိုယ့်ဘက်က အနစ်နာခံပြီး မှာရတာတွေရှိပါတယ်။ အားနာပြီး ကိုယ်မကြိုက်တာကို မပြောမိကြပါဘူး။ ဒီလိုမလုပ်ဘဲ ကိုယ်ဖြစ်ချင်တဲ့အရာကိုပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အကျင့်ရှိပါစေ။
လူတစ်ယောက်ရဲ့ စတိုင်ကို သဘောကျပြီးကွက်တိ အတုခိုးတာမျိုးမလုပ်ပါနဲ့။ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်နဲ့ နေထိုင်ပါ။
၅။ လျိို့ဝှက်ထားပါ
လူတစ်ယောက်ကို ဘယ်လောက်ပဲရင်းနှီးပါစေ သင့်အကြောင်းအလုံးစုံကို ဘယ်တော့မှ မပြောပြပါနဲ့။ တစ်နေ့နေ့ ကိုယ်ရင်းနှီးရသူနဲ့ အဆင်မပြေတဲ့အချိန် ကိုယ်ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်က အတင်းအဖျင်းဖြစ်သွားနိုုင်ပါတယ်။
၆။ သင့်ထက်ဆိုးတဲ့လူတွေရှိသေးတာသတိရပါ
လုပ်တာတွေအဆင်မပြေတဲ့အချိန် စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပြန်တင်နိုင်အောင် ကြိုးစားပါ။ ဒီကမ္ဘာမှာ သင့်ထက် ကံဆိုးသူတွေ အများအပြားရှိပါသေးတယ်။
၇။ အကောင်းဆုံးကြိုးစားပါ
အလုပ်တစ်ခုလုပ်တဲ့အချိန်တိုင်း အကောင်းဆုံးကြိုးစားပါ။ စိတ်အပြည့်နှစ်ပြီး လုပ်တတ်တဲ့အကျင့်မွေးပါ။
သင်လုပ်တဲ့အရာကို ချစ်မြတ်နိုးပါ။ တန်ဖိုးထားပါ။ အိပ်မက်ကြီးကြီးမားမားမက်ပါ။ ပြုံးစရာရှိရင် ပြုံးလိုက်ပါ။
၉။ ကျေးဇူးတင်စကားပြောပါ
ကိုယ့်မှာရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ။ ကိုယ့်အနားရှိသူတွေကို ကျေးဇူးတင်စကားပြောပါ။
အတိတ်က သင်က ဘယ်လောက်ပဲ ဆိုးရွားခဲ့ပါစေ.. လက်ရှိသင်ကပဲ အရေးကြီးပါတယ်။ အတိတ်မှာ မနေဘဲ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။
ဒီ (၁၀)ချက်ထဲက ဘယ်အချက်ကို ပုံမှန်လုပ်ဖြစ်လဲ၊ ဘယ်အချက်ကို ချိုးဖောက်မိလဲ ပြောခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar