လူအများစုက ထိခိုက်လွယ်တဲ့အသားအရေကို ယားယံလွယ်တဲ့အသားအရေနဲ့ မှားတတ်ကြပါတယ်။ အသားအရေ  နီတာတွေ ယားတာတွေဟာ  ထုတ်ကုန်တွေ  သို့မဟုတ် တခြား အကြောင်းအရာတွေ ကြောင့်လည်း ဖြစ်တတ်သလို မျိုးရိုးဗီဇရောဂါဖြစ်တဲ့ Rosacea နဲ့ နှင်းခူတို့ကြောင့်လည်း  ဖြစ်တတ်တာမလို့ သေချာ ကွဲကွဲပြားပြား သိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်  Sensitive Skin ဟုတ်မဟုတ် ကို သိနိုင်ဖို့ ဖြစ်တတ်တဲ့လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့တူနေပြီဆိုရင်တော့ သင့် အသားအရေကို ပုံမှန်ထက် ဂရုစိုက်ဖို့အချိန်တန်ပါပြီ။

သုံးနေကြမဟုတ်တဲ့ Skincare လိမ်းလိုက်တဲ့အခါ အရေပြားက ယားယံတာတွေ ၊ နီလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ထုတ်ကုန်အသစ်ကိုသုံးတော့မယ်ဆို အရင်စမ်းသုံးကြည့်ပါ။ ဒါမှမဟုတ် အရေပြားအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး  သင့်အရေပြားနဲ့ အသင့်တော်ဆုံး ပစ္စည်းတွေကိုဘဲ ရွေးချယ်သုံးသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အိမ်အပြင်ထွက်တာနဲ့ သင့်အသားအရေက နီရဲလာပြီး မျက်နှာက နီလာတတ်ပါတယ်။ ဒါကြောင့် နေ့ခင်းအပြင်သွားတဲ့အခါ အနည်းဆုံး SPF 30 ပါတဲ့ Sun Cream ကို အမြဲ လိမ်းပေးသင့်ပါတယ်။

ရေနွေးနဲ့ ရေချိုးတကလည်းအရေပြား ယားတဲ့အခြေအနေကို  ပိုဆိုးစေနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးတာက အရေပြားထဲက အစိုဓာတ်ကို စုပ်ယူပြီး အသားအရေကို မြန်မြန် ခြောက်သွေ့စေတာမလို့ ရေနွေးနဲ့ချိုးတာကို ရှောင်ကြဥ်သင့်ပါတယ်။

မျက်နှာရဲ့ ရေဓာတ်နဲ့အဆီ ဆုံးရှံးမှုများလွန်းတဲ့အခါ မျက်နှာအသားအရေက‌ ခြောက်သွေ့လွန်ပြီး ယားယံတာ နီရဲတာနဲ့ သွေးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရေပြားလန်တဲ့ ထိအောင် ဖြစ်တတ်တာမို့ ဒါကလည်း Sensitive Skin ရဲ့ လက္ခဏာတစ်ခုပါပဲ။