နနွင်းက ကျန်းမာရေးအတွက်တင်မဟုတ်ပဲ အလှအပရေးရာအတွက်လည်း ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့်လည်း နနွင်းကို နေ့တိုင်းစားပေးခြင်းကြောင့် ရရှိလာမယ့် ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်းစားလို့ရအောင်လုပ်ပေးထားတဲ့ နနွင်းလုံးလေးတွေ ရှိပါတယ်။

နနွင်းကို နေ့တိုင်းစားပေးသွားမယ်ဆိုရင် အရေပြားနီရဲတာတွေ သက်သာစေပါတယ်။

နနွင်းကို ဆေးဖြစ်ဝါးဖြစ်နဲ့ နေ့တိုင်းစားပေးသွားရင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

နနွင်းကို နေ့တိုင်း ပုံမှန်စားပေးခြင်းကြောင့် အစာခြေစနစ်ကောင်းမွန်လာပြီး အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အစာမကြေဖြစ်တာတွေကိုလည်း ပျောက်စေပါတယ်။

နနွင်းကိုနေ့တိုင်းစားပေးခြင်းကြောင့် ဦးနှောက်ကျန်းမာရေးကို တိုးတက်လာစေပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

နနွင်းကို နေ့တိုင်း ပုံမှန်စားပေးသွားရင် ကြာလာတဲ့အခါမှာတော့ အဆစ်ရောင်ပြီး နာကျင်ကိုက်ခဲတာတွေက သက်သာလာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ကတော့ နနွင်းကို နေ့တိုင်းသောက်ပေးသွားရင် အသားအရေ ကြည်ပြီး ဝင်းလာမယ်၊ အသားအရေပိုပြီးလှလာမှာပါ။

source: www.powerofpositivity.com