အားလုံးပဲ မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ ထိုင်း Cele မင်းသမီးတွေလို စိုစိုတောက်တောက် မိတ်ကပ် Look မျိုး ရချင်တဲ့သူတွေရှိကြလား။ ထိုင်းမလေးတွေရဲ့ မိတ်ကပ် Look မှာ ထူးခြားတာက မျက်ခုံး၊ မျက်တောင်တွေထင်းပြီး မျက်နှာအစိတ်အပိုင်းတစ်ခုချင်း စိုစိုလေး Glow နေအောင်လိမ်းတတ်တာပါ။ သင်ကိုယ်တိုင်လည်း ဒီလို မိတ်ကပ် Look လေးရအောင် လိမ်းကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် လိမ်းနည်းအဆင့်လေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်။

ကိုယ့်အသားအရောင်နဲ့ အဆင်ပြေတဲ့ Foundation လေး အရင်လိမ်းပါမယ်။

ပြီးနောက်မှာတော့ မျက်နှာအစိတ်အပိုင်းလေးတွေ အချိုးအစားကျပြီး ထင်းနေအောင်လိမ်းရမှာဖြစ်လို့ အရောင်လင်းတဲ့ Concealer နဲ့ မျက်နှာပေါ်က အရေးအကြောင်း Smile Lines နေရာတွေ၊ အောက်နှုတ်ခမ်းထောင့်နေရာနဲ့ မျက်ကွင်းကျတဲ့နေရာတွေမှာ လိမ်းပြီးဖုံးပေးပါ။

နောက်တစ်ဆင့်အနေနဲ့ Matte ဖြစ်တဲ့ Cream ဒါမှမဟုတ် ပေါင်ဒါအမျိုးအစား Highlighter ကို ပါးမို့နေရာတည့်တည့်မှာ ပြေပြေလေးဖြန့်ပြီး လိမ်းပေးပါ။ ဒါက သင့်မျက်နှာကိုလင်းသွားစေပါလိမ့်မယ်။

Contour လုပ်ပေးရမယ့်အဆင့်ဖြစ်ပါတယ်။ မေးရိုးအကျအတိုင်း Contour ကို အကြောင်းလိုက်လေး ဆွဲပေးပါ။ ပါးစောင်နားမှာလည်း နည်းနည်းဖြည့်ပြီး သေချာလေး Blend လုပ်ပေးပါ။

မျက်ခုံးဆိုးတဲ့အခါ ပြားနေအောင် ပုံဖော်တာထက် တကယ့်မျက်ခုံးမွှေးအမျှင်ရှည်ရှည်လေးတွေလို မြင်ရအောင် ဆွဲရမှာဖြစ်လို့ ကိုယ့်မျက်ခုံးမွှေးကာလာနဲ့ ဆင်တူတဲ့ Eyeliner သုံးပြီး မျက်ခုံး လမ်းကြောင်းအတိုင်း တစ်ကြောင်းချင်း ဖြည့်ဆွဲပေးလိုက်ပါ။

ဆွဲထားတဲ့ အမျှင်လေးတွေ သပ်ရပ်သွားအောင် အပေါ်ကနေ Concealer လေးနဲ့ ပြန်ညှိပေးရပါမယ်။ ပြီးရင်တော့ မျက်ခုံးတစ်ခုလုံး အရောင်ညီသွားအောင် အညိုရောင် Eyeshadow လေး နည်းနည်းပုတ်ပေးပါ။

Eyeshadow အတွက် ရွှေအိုရောင် Base ကာလာထင်းထင်းလေး ဆိုးပေးပါမယ်။ မျက်ခွံထောင့်မှာ Eyeliner အညိုကို မသိမသာလေး ကော့နေအောင် ဆိုးပေးပါ။ မျက်ခွံအတွင်းထောင့်တွေမှာလည်း ပြေပြေလေး လိုက်ထည့်ပေးပါ။

သူ့ကိုလည်း သပ်ရပ်သွားအောင် မျက်လုံးထောင့်တစ်ဝိုက် Concealer လိုက်ထည့်ပြီး ခပ်ဖွဖွ Blend လုပ်ပေးရပါမယ်။

အဆုံးသတ်အနေနဲ့ အပေါ်မျက်ခွံထောင့်နားမှာ Glitter Eyeshadow တောက်တောက်လေးထည့်ပေးလိုက်ပါ။

Mascara နဲ့မျက်တောင်ကော့ပေးပါ။ အောက်မျက်တောင်ကိုလည်း တစ်ချောင်းချင်း ကော့ပေးရပါမယ်။

နှုတ်ခမ်းနီအတွက် နီညိုနဲ့ လိမ္မော်ဘက်သမ်းတဲ့ အရောင်တွေရွေးပြီး သဘာဝဆန်ဆန်လေးဖြစ်အောင် ခပ်ပါးပါးလေး ဖြည့်ဆိုးပေးလိုက်ပါ။

ဒါဆိုရင်တော့ ထိုင်းမလေးတွေလို မျက်ခုံး၊ မျက်တောင်ထင်းနေတဲ့ မိတ်ကပ်စိုစိုလေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: dear peachie youtube