ရိုးရာဝတ်စုံဆိုတာဟာ နိုင်ငံတိုင်းရဲ့ ဂုဏ်ယူစရာတစ်ခုပါ။ နိုင်ငံတိုင်းစီမှာ ထင်ပေါ်ကျော်ကြားတဲ့ အစားအသောက်၊ ဓလေ့နဲ့ အသုံးအဆောင်ပစ္စည်းတွေရှိကြတဲ့အထဲကမှ ရိုးရာဝတ်စုံတွေကို ချန်ထားခဲ့လို့မရပါဘူး။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်လောက်ပဲခေတ်တွေပြောင်းလဲတိုးတက်လာတယ်ပြောပြော တစ်သက်နဲ့တစ်ကိုယ်တော့ တစ်ချိန်တစ်ခါလောက်တော့ ရိုးရာဝတ်စုံကို ဝတ်ရလေ့ရှိပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ရိုးရာလုံချည်ကို အမျိုးသမီးများက အမြတ်တနိုးဝတ်ဆင်ကြသလို မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရိုးရာဓလေ့တွေဆင်တူတတ်တဲ့ ထိုင်းနိုင်ငံက ရိုးရာဝတ်စုံများကို ဒီတစ်ခေါက်မှာတော့ ရွေးထုတ်ဖော်ပြပေးချင်ပါတယ်။
နိုင်ငံတကာက ပရိတ်သတ်တွေချစ်မြတ်နိုးကြတဲ့ ထိုင်းမင်းသမီးချောလေးတွေကလည်း သူတို့နိုင်ငံရဲ့ရိုးရာဝတ်စုံကို ဒီဇိုင်းစုံစုံလင်လင်နဲ့ ဝတ်ဆင်ခဲ့ပြီး ဘယ်လောက်တောင် ကျော့ရှင်းလှပနေသလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။
Baifern
Mai Davika
Kimberley
Natapohn
Nittha
Bella