PunPun လို့ပြောလိုက်တာနဲ့ ချစ်စဖွယ်အပြုံးလေးတွေကို ပြုံးပြလေ့ရှိတဲ့ ထိုင်းမင်းသမီးလေး Sutatta Udomsilp ကို လူတိုင်းသေချာပေါက်သိကြမှာပါ။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ PunPun ကို ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မွေးဖွားခဲ့တာပါ။

မိသားစုထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုတစ်ယောက် အစ်မတစ်ယောက်ရှိပါတယ်။ ပညာရေးအနေနဲ့ကလည်း Kasetsart University Laboratory School နဲ့ Ruamrudee International School တွေမှာ တက်ရောက်ခဲ့ပြီး Chulalongkorn University ကနေ Faculty of Communication Arts အတွက် Bachelor Degree ကို ရရှိထားပါတယ်။

အသက် ၄ နှစ်အရွယ်ကနေစလို့ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ Ladda Land ဆိုတဲ့ ဇာတ်ကားနဲ့ မင်းသမီးအဖြစ် Debut လုပ်ခဲ့ရာကနေ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် စတင်ရိုက်ကူးခဲ့ရပါတယ်။

နောက်ပြီး သူမကို လူသိများစေခဲ့တဲ့ ဇာတ်လမ်းတွေကတော့ Last Summer, May Who?, နဲ့ Hormones: The Series တို့ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းရုံကြောင့်သာမဟုတ်ဘဲ သူမရဲ့ဖက်ရှင်အမြင်ကြောင့်လည်း မိန်းကလေးအများစုက အလွန်နှစ်သက်သဘောကျကြတာပါ။ ဒါကြောင့် PunPun ရဲ့ ပရိတ်သတ်တွေ သဘောတွေ့စေဖို့ သူမရဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Image Source: Pinterest