ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ထိုင်းမင်းသမီးချောလေး Nalinthip Sakulongumpai ရဲ့ လွယ်ကူတဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီလိုပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်စေမှာပါ။

ဒီပို့စ်ပေးနည်းလေးကတော့ အလွယ်ဆုံးပါပဲ။ လက်လေးနှစ်ဖက်ရှေ့ထားပြီး ခေါင်းလေးနည်းနည်းစောင်းကာ ပြုံးရယ်နေရုံပါပဲ။ မိန်းကလေးဆန်တဲ့ ဖက်ရှင်လေးတွေဝတ်ပြီး ရိုက်မယ်ဆိုရင် ပိုလှမှာပါ။

ထိုင်ခုံမှာထိုင်ရိုက်မယ်ဆိုရင် Nalinthip ထိုင်သလိုလေးထိုင်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးရိုက်ကြည့်ပါ။ အထာကျပြီးမိုက်တဲ့ပုံစံလေး ထွက်လာမှာပါ။

Portrait ပုံလေးတွေရိုက်တဲ့အခါမှာ ဒီလိုလေးရယ်ပြီး ခန္ဓာကိုယ်ကို အရှေ့နည်းနည်းကုန်းပြီး ပို့စ်ပေးကြည့်ပါ။ လက်မှာတစ်ခုခုကိုင်ထားပြီးရိုက်ရင်တော့ ပိုအဆင်ပြေမှာပါ။

ပို့စ်သိပ်မပေးတတ်ရင် လက်တစ်ဖက်က ဆံပင်ကိုသပ်ပြီး နောက်လက်တစ်ဖက်က အိတ်ကိုင်ထားပါ။ မျက်နှာအနေအထားကို ပြုံးရယ်ထားပါ။ ဒီလောက်ဆိုရင်တော့ လှပတဲ့ပုံကောင်းတစ်ပုံ ရရှိမှာပါ။

Nalinthip ရဲ့ ဒီပို့စ်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်လေးနှစ်ဖက်ကို အနောက်ပို့ထားပြီး ရယ်နေတဲ့ပုံစံလေးက အရမ်းအသက်ဝင်ပါတယ်။ ခရီးသွားတဲ့အခါ၊ ရှုခင်းလှတဲ့နေရာတွေကို နောက်ခံထားရိုက်တဲ့အခါမှာဆိုရင် ဒီပို့စ်လေးက အရမ်းအသုံးဝင်ပါတယ်။

တစ်နေရာရာကိုမှီပြီး လက်တင်ထားပါ။ နောက်လက်တစ်ဖက်က ဆံပင်သပ်မလို့လုပ်နေတဲ့ပုံစံလေး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

နေရောင်နဲ့ရိုက်တဲ့အခါမှာလည်း ဒီလိုလေးလက်ကို နဖူးရှေ့ထားပြီး ပို့စ်ပေးကြည့်ပါ။ မျက်နှာအနေအထားက နည်းနည်းမော့ပြီး အဝေးကိုကြည့်ကာ ပြုံးနေတဲ့ပုံစံလေးလုပ်ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

Nalinthip ရဲ့ ဒီပို့စ်လေးဆိုရင် အိမ်မှာကော်ဖီသောက်ရင်း အေးဆေးရိုက်လို့ရပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်တဲ့ ပို့စ်ပေးနည်းလေးပါ။

အခုနောက်ပိုင်းမှာ shoulder bag လေးတွေ အရမ်းလွယ်ကြတာမို့ shoulder bag လွယ်ထားရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်လို့လည်း ရပါသေးတယ်။

နောက်ဆုံးပို့စ်ပေးနည်းကတော့ ရယ်တတ်တဲ့သူတွေအတွက် အလွယ်ကူဆုံးပို့စ် ဖြစ်မှာပါ။ ပိုက်ဆံအိတ်လေးကို Nalinthip လိုကိုင်ထားပြီး ကင်မရာကိုမကြည့်ပဲ ရယ်နေရုံပါပဲ။ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ Portrait ရိုက်ရင် ပိုလှမှာပါ။

photo source:www.pinterest.com