အားလုံးပဲမဂ်လာပါနော်… ဒီနေ့တော့ အခုတလောအရမ်းhotဖြစ်နေတဲ့ ထိုင်းဇာတ်ကားလေးတစ်ကားထဲက ချစ်စရာကောင်းတဲ့ မင်းသမီးလေး အကြောင်းနည်းနည်းနဲ့ သူမရဲဖက်ရှင်လေးအကြောင်းပြောပြပေးချင်ပါတယ်နော်…


My Husband in Law ဆိုတဲ့ဇာတ်လမ်းလေးကို တော်တော်များများသိကြမယ်လိုထင်ပါတယ်နော်။ အဲ့ဇာတ်လမ်းထဲက မင်းသမီး Nittha Jirayungyurn အကြောင်းပြောပြပေးချင်ပါတယ်။ Mew Nittha နာမည်နဲ့အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပြီး အားလုံးက Mewလို့ ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

Mewကို September 21ရက်နေ့ 1990ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာမွေးဖွားခဲ့ပါတယ်။ Mew က အသက်၃၀ပြည့်တော့မှာဖြစ်ပေမယ့် ကလေးလေးတစ်ယောက်လိုပါပဲနော်။
Mint Nuttha လို့ခေါ်တဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ မိသားစုအတွက် အချိန်ပေးလေ့ရှိပြီး သမီးလိမ္မာလေးတယောက်လည်း ဖြစ်ပါတယ်နော်။

အရပ်က ၅ပေ ၃လက်မရှိပြီး သွေအမျိူးအစားက O ဖြစ်ပါတယ်။ ပညာအရည်အချင်းက Srinakharinwirot University ကနေ fashion Desingn မေဂျာနဲ့ ဘွဲ့ရထားတာဖြစ်ပါတယ်။

2016ခုနှစ်One dayကားမှာမင်းသားTer chuewit နဲ့အတူပါဝင်သရုပ်ဆောင်ပီးတဲ့နောက် အရင်ကထက် နာမည်ပိုကြီးလာတယ်။ mewကိုလည်း ပရိတ်သတ်တွေက Oneday ကားနဲ့ပိုပီးသိများလာကြတာဖြစ်ပြီး (one dayမင်းသမီးလေးလို့လည်းလူသိများခဲ့ပါတယ်) အဲဒီဇာတ်ကားနဲ့ပဲ Mew က ဆုတွေအများကြီးရထားတာလည်းဖြစ်ပါတယ်။
P’Mewကတော့ Drama 11ခုရိုက်ကူးခဲ့ပြီး အခုလက်ရှိမှာတော့ Mark Prin နဲ့ တွဲရိုက်ထားတဲ့ My Husband in Law ဇာတ်ကားကို channel3 မှာပြသနေတာပဲ ဖြစ်ပါတယ်။

အချစ်ရေးကတော့ အားလုံးသိတဲ့အတိုင်း မကြာသေးခင်က ခမ်းနားထည်ဝါတဲ့မဂ်လာပွဲကို ကျင်းပခဲ့တဲ့သူလည်းဖြစ်ပါတယ်နော်။ သူမရဲ့မဂ်လာပွဲကို 10.1.2020မှာ သူမရဲ့ချစ်သူဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Saint Tharaphukနဲ့ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်နော်။


ကဲ..အခုMew ရဲ့အကြောင်းလေးသိရပြီးပြီဆိုတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ဖက်ရှင်လေးတွေက ဘယ်လိုလေးတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်

Photo Source; Pinterest