အားလုံးပဲ မင်္ဂလာပါနော်။ ဒီတစ်ခေါက်ဖက်ရှင်ချစ်သူတို့အတွက် အသက်ကြီးလေ ပိုနုလေဆိုတဲ့ စကားကို လက်တွေ့ပြနေတဲ့ ၃၀ကျော်အရွယ် ထိုင်းမင်းသမီး Bua Nalinthip ရဲ့ ဆွဲဆောင်မှုရှိရှိနဲ့ နွေရာသီ Vibe အပြည့်ရတဲ့ အမိုက်စားဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။
ထိုင်းဇာတ်လမ်းတွဲကြည့်နေကျ မြန်မာပရိသတ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီး Bua Nalinthip ဟာဆိုရင် Miss Teen Thailand ဆိုတဲ့ မယ်ပြိုင်ပွဲတစ်ခုကတစ်ဆင့် ၂၀၀၆ ခုနှစ်ကစပြီး အနုပညာနယ်ပယ်ထဲ ရောက်လာခဲ့သူပါ။ လက်ရှိမှာ အနုပညာသက်တမ်း ၁၆နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင်ကောင်းသူမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားဆဲ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာမွေးခဲ့တာကြောင့် အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့သူမဟာ ဆယ်ကျော်သက်လေးလို နုပျိုတဲ့ မျက်နှာပေါက်ရှိပြီး သူမရဲ့ သွယ်လျတဲ့ခန္ဓာကိုယ်လှလှကိုပါ ထိန်းထားနိုင်ဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။
ဖက်ရှင်ပိုင်းမှာလည်း မလစ်ဟင်းရအောင် စတိုင်ကျကျဝတ်ဆင်တတ်သူမို့ သူမဝတ်ပုံလေးတွေက အမြဲဆယ်ကျော်သက်လေး ဖြစ်ချင်သူတွေအတွက် အိုင်ဒီယာယူနိုင်ဖို့ ကွက်တိပါပဲ။ ဒါ့အပြင် နွေရာသီမှာ ဝတ်လို့ကောင်းမယ့် ဖက်ရှင်လေးတွေကိုပါ အတုယူနိုင်မှာဖြစ်လို့ Bua ရဲ့နွေရာသီဖက်ရှင်တွေကို ကြည့်လိုက်ရအောင်-
Photo Source: Pinterest
By MyStyle Myanmar