ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးလေး Benyapa ရဲ့ ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီပို့စ်လေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ရတာပေါ့။

ဒီပုံလေးဆိုရင် အရမ်းလှတာကြောင့် ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ picnic လိုမျိုး ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ပို့စ်အိုင်ဒီယာလေးပါ။

ထိုင်ပြီးရိုက်တဲ့အခါမှာတော့ ဒီလိုလေးထိုင်ရိုက်တာက တစ်မျိုးလေး ချစ်ဖို့ကောင်းပါတယ်။ ထိုင်တဲ့ပုံနဲ့ မျက်နှာထားက အသက်ပါပဲ။

ထိုင်ရိုက်မယ့်သူတွေအတွက် ဒီပို့စ်လေးလည်း ရှိပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်လေးပါ။

ဆံပင်လေးကိုစုပြီး လက်နဲ့ကိုင်ထားတဲ့ ဒီလိုပို့စ်လေးဆိုရင် portrait ရိုက်တဲ့အခါမှာ အရမ်းလှပါတယ်။

ကမ်းခြေမှာရိုက်ရင် ဒီလိုပို့စ်လေးပေးပြီး portrait ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။ Portrait မဟုတ်ပဲ ပင်လယ်နဲ့ရိုက်ရင်လည်း အရမ်းလှပါတယ်။

တစ်ကိုယ်လုံးပုံလေးရိုက်တဲ့အခါမှာ ကောင်းကင်းကို ရှင်းနေအောင် မြင်ရတဲ့ view မျိုးဆိုရင် ဒီလိုပို့စ်လေးတွေနဲ့ ရိုက်ကြည့်ပါ။

မြက်ခင်းမှာ မိန်းကလေးဆန်ဆန်လေး ထိုင်ရိုက်ရတာရိုးလာရင် ဒီလိုလေးပြောင်းပြီး ပို့စ်ပေးကြည့်ပါ။

မိန်းကလေးတွေ ဆံပင်သပ်တဲ့ပုံ၊ ဆံပင်စည်းနေတဲ့ပုံလေးတွေ ရိုက်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဂါဝန်အရှည်ကြီးဝတ်ထားရင် ဒီလိုလေးထိုင်ရိုက်တာလည်း တစ်မျိုးလေးလှပါတယ်။ မျက်နှာထားက မပြုံးပဲ တည်တည်လေးနေရင် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

Freestyle လေးဝတ်ပြီး ခုံမှာထိုင်ရိုက်ရင် ဒီလိုပို့စ်လေးတွေက လူငယ်ဆန်ပြီး မိုက်လည်းမိုက်၊ ချစ်ဖို့လည်းကောင်းပါတယ်။