နောက်ပိုင်းမှာ မိန်းကလေးတွေလည်း တက်တူးထိုးတာတွေက ပိုပြီးများပြားလာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ တက်တူးထိုးချင်တဲ့ မိန်းကလေးတွေအတွက် စာသားတက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီစာသားလေးဆိုရင် ဘယ်လိုပုံစံထိုးထိုး မိုက်ပါတယ်။

အမေကို အရမ်းချစ်တဲ့သူတွေအတွက် စာသားအိုင်ဒီယာလေးပါ

စာသားကို များများလေးထိုးချင်တဲ့သူတွေအတွက်ပါ။ စာသားများရင် လက်မှာထိုးတာက ပိုမိုက်ပါတယ်။

သေးသေးပိစိလေးပဲ ထိုးချင်တဲ့သူတွေက ရင်ဘတ်နားမှာ ဒီလိုစာသားနည်းနည်းလေး ထိုးပါ။ လှပါတယ်။

လက်ရေးဆက်ပုံစံနဲ့ စာသားတက်တူးတွေကလည်း မိုက်တာကြောင့် ဒီလိုလေးထိုးတာလည်း လှပါတယ်။

မိန်းကလေးတွေဆိုရင် ပေါင်မှာ စာသားတက်တူးထိုးတာ မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

ဒီတက်တူးဒီဇိုင်းလေးဆိုရင် ယောင်္ကျားလေး၊ မိန်းကလေးအဆင်ပြေတဲ့ ဒီဇိုင်းလေးပါ။

ခါးဘေးဘက်မှာလည်း ဒီလိုစာသာလေးတွေ ထိုးလို့ရသေးတယ်နော်။

ပခုံးမှာ စာသားတက်တူးထိုးတာလည်း မိုက်ပါတယ်။

ခြေထောက်မှာ စာသားတက်တူးထိုးမယ်ဆိုရင် ပတ်ပတ်လည်လည်း ထိုးလို့ရသလို စာသားကို ပိုပေါ်လွင်ချင်ရင်တော့ ဒီလိုလေးထိုးကြည့်ပါ။

လက်အနောက်နားမှာ စာသားတက်တူးထိုးတာကလည်း ပေါ်လွင်စေပါတယ်။ လှလည်းလှပါတယ်။ စာသားမျှင်မျှင်လေးတွေထိုးရင် ပိုတောင်လှပါသေးတယ်။

အနီရောင်စာသားလေးထိုးရင်လည်း အရမ်းလှပါတယ်။ စာသားတိုတိုလေး၊ သေးသေးလေးဆိုရင် ဒီလိုကာလာလေးနဲ့ လက်မှာထိုးကြည့်ပါ။ ပေါ်လွင်ပြီးလှပါတယ်။

ခါးနောက်မှာလည်း ဒီလိုလေးထိုးလို့ရပါသေးတယ်။

Photo source:www.pinterest.com