သင့်ချစ်သူက သင့်အပေါ် အရင်လိုအချစ်တွေရှိသေးရဲ့လား သင့်ကိုလုံးဝမချစ်တော့ဘူးလားဆိုတာကို သင့်အနေနဲ့ ခန့်မှန်းကြည့်ရုံနဲ့ သိဖို့မလွယ်ကူပါဘူး။

ဒါပေမယ့်အခုပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်အပေါ်ထားရှိတဲ့ အချစ်တွေမရှိတော့ဘူးဆိုတာကို သင်သိနိုင်မှာဖြစ်ပါတယ်။

(၁) အရင်က ဘယ်ကိစ္စမဆို နှစ်ဦးသား တိုင်တိုင်ပင်ပင်ရှိခဲ့ပေမယ့် လက်ရှိမှာ သင်နဲ့ဆွေးနွေးတိုင်ပင်တာတွေ မလုပ်တော့ဘူး။ သူတစ်ယောက်တည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်ဆိုရင် သင်နဲ့ရှေ့ဆက်ဖို့အခြေအနေက ဝေးဝါးနေပြီဆိုတာ သိနိုင်မှာပါ။

(၂) ရန်ဖြစ်စကားများတဲ့အခါ သင်နဲ့ အရင်လို ငြင်းခုန်မှုတွေ မလုပ်တော့ဘူး။ အဝေးတစ်နေရာကိုထထွက်သွားတာ၊ ရေငုံနှုတ်ပိတ်နေနေတာမျိုးက သင်အနေနဲ့အနိုင်ရလိုက်တယ်လို့ မှတ်ယူရင် မှားသွားပါလိမ့်မယ်။

တကယ်တော့ သူက ဒီလိုအခြေအနေတွေကို စိတ်ပျက်နေပြီး သင့်ဘာပြောပြော ဂရုစိုက်ချင်စိတ်မရှိတော့ဘူးဆိုတဲ့ သဘောကိုပြနေတာဖြစ်ပါတယ်။

(၃) သူနဲ့ပတ်သတ်ပြီး သင်ကြိုးစားအားထုတ်ထားတဲ့ အရာတိုင်းကို အသိမှတ်မပြုပဲနေတယ် ၊ ဖာသိဖာသာပဲနေတယ်ဆိုရင် ဒါဟာသင့်ရဲ့အချစ်ကို မသိကျေးကျွန်ပြုနေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး သင့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ မရှိတော့ဘူးဆိုတာဖော်ပြနေတာဖြစ်ပါတယ်။

(၄) လူတိုင်းမှာ စိတ်ခံစားမှုမကောင်းတဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။ သို့သော် သင်အနားမှာရှိတဲ့အချိန်တိုင်း သူ့အနေနဲ့ စိတ်ကျဉ်းကျပ်သလို အမူအရာတွေပြနေမယ် အမြဲစိတ်ရှုပ်ထွေးနေမယ် စိတ်တိုဒေါသထွက်လွယ်နေမယ်ဆိုရင် သင်နဲ့အတူရှိတဲ့အချိန်တွေက မပျော်တော့ဘူးဆိုတာ သိနိုင်မှာပါ။

(၅) သင့်အတွက် သူ့ရဲ့အချိန်တွေ ဖဲ့မပေးချင်တော့ဘူး ၊ ဖုန်းပြောရတာ ၊ အတူသွားလာရတာတွေ သိပ်မလုပ်တော့ပဲ အကြောင်းပြချက်အမျိုးမျိုးပြပြီး သင့်ကိုရှောင်ဖယ်နေမယ် ၊ သူတစ်ယောက်တည်း သီးသီးသန့်သန့်နေနေမယ်ဆိုရင် သင့်အပေါ်စိတ်ကုန်နေတာ ဒါမှမဟုတ် ဒီ relationship ကို အဆုံးသတ်ချင်နေတာမျိုး ဖြစ်နိုင်ပါတယ်။

(၆) အရင်က သူ့ဆီကနေ ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်း ကြားရကောင်းကြားရခဲ့နိုင်ပါတယ်။ သူ သင့်အပေါ် ချစ်တဲ့စိတ်မရှိတော့ဘူးဆိုတာနဲ့ သင့်ကိုချစ်တယ်ဆိုတဲ့ စကားပြောဖို့ တွန့်ဆုတ်နေပါလိမ့်မယ်။ သူ့ဆီကနေ သင့်ကိုချစ်တယ်ဆိုတဲ့ စကားကို မကြားရသလောက်ဖြစ်လာပါလိမ့်မယ်။

(၇) ချစ်တဲ့သူတိုင်းက တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားကြတာပဲ မဟုတ်လား။ အနည်းဆုံးတော့ ဒီနေ့အလုပ်မှာအဆင်ပြေလားဆိုတဲ့ မေးခွန်လေးတော့ မေးတက်ကြပါတယ်။

ဒီလိုမှမဟုတ်ပဲ သင့်အကြောင်းဘာတစ်ခုမှ စိတ်ဝင်တစားမရှိတော့ဘူး ၊ သင်လုပ်ချင်တာလုပ် သင်သွားချင်တဲ့နေရာသွား လိုက်မေးနေတာမျိုး မရှိတော့ဘူးဆိုရင်တော့ အချစ်တွေမရှိတော့ဘူးဆိုတာ သင်သိနိုင်မှာဖြစ်ပါတယ်။