တစ်ခါတလေ ကျွန်ုပ်တို့တွေရဲ့ အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အခုပြထားတဲ့ ပုံကိုလည်း မြင်တဲ့ပုံစံချင်း တူကြမှာ မဟုတ်ပါဘူး။ သင်မြင်တဲ့အရာက သင့်အကြောင်းကို အများအပြားပြောပြနေပါတယ်။ အောက်မှာပြထားတဲ့ပုံထဲမှာ သတ္တဝါနှစ်ကောင် ပါဝင်ပါတယ်။ ငန်းရဲ့ခေါင်းက ရှဉ့်ရဲ့အမြီးမှာ ရှိပြီး ရှဉ့်ခေါင်းကတော့ ငန်းတောင်ပံတွေထဲမှာ နေရာယူထားပါတယ်။ သင်မြင်တဲ့အကောင်ပုံစံကနေ သင်က ဘယ်လိုလူမျိုးလဲ၊ အဖြစ်အပျက်တွေကို ဘယ်လိုမြင်လဲ စတာတွေကို ပြောပြသွားမှာပါ။တစ်ခါတလေ ကျွန်ုပ်တို့ဟာ ကိုယ့်အကြောင်းကိုယ်တောင် သေချာမသိကြပါဘူး။ ဒါပေမဲ့ဒီပုံအပေါ်မှာ မြင်တဲ့ပုံစံကို ကြည့်ပြီး သင့်အကြောင်းကို သိနိုင်ပါတယ်။ ဒီတော့ကြည့်လိုက်ရအောင်နော်-

သင်က ငန်းကိုမြင်ရင်


သင်က လက်တွေ့သမားဖြစ်ပါတယ်။ လောကကြီးအပေါ် သင့်ရဲ့အမြင်က လက်တွေ့ဆန်ပါတယ်။ မှော်ပညာတွေ၊ ဆန်းကြယ်မှုတွေနဲ့ ခံစားချက်တွေက သင့်ပုံစံမဟုတ်ပါဘူး။ ဉာဏ်ကောင်းပြီးတော့ ဦးဆောင်နိုင်စွမ်းရှိပါတယ်။ ဉာဏ်ရှိသလို စွမ်းဆောင်နို်င်သူဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ခံစားချက်တွေကိုတော့ ထိခိုက်မှုမရှိအောင် သတိထားပေးပါ။

သင်က ရှဉ့်ကိုမြင်ရင်


သင်က ပြီးပြည့်စုံအောင်ကြိုးစားတဲ့ လူတစ်ယောက်ပါ။ အသေးစိပ်အထိ လိုက်ကြည့်တတ်ပါတယ်။ ကိုယ့်အနားမှာ ဖြစ်ပျက်တဲ့အရာတွေကို မကျော်သွားဘဲ လိုက်ကြည့်တတ်ပါတယ်။ သင့်အိပ်မက်တွေ အမှန်တကယ်ဖြစ်ဖို့ဆိုရင် အရာအားလုံး ပေးဆပ်ဖို့ အဆင်သင့်ရှိနေသူပါ။ သင့်ပန်းတိုင်တွေဆီ အရောက်သွားနေတတ်ပြီး တစ်နေ့ထက် တစ်နေ့ ပိုတော်အောင် ကြိုးစားနေတတ်ပါတယ်။ အလုပ်တစ်ခုလုပ်ရင် မမှားရအောင် လုပ်တတ်ပါတယ်။ ဒီအမှားတွေကနေ သင်ယူပါ။

သင် ဘယ်အကောင်ပုံစံကို မြင်လဲ။ သင်မြင်တဲ့ အကောင်ကို Comment ပေးခဲ့ပါဦးနော်။

Source: Brightside.me

By MyStyle Myanmar