အခုနောက်ပိုင်းမှာတော့ လူငယ်တွေကဖက်ရှင် အမြင်လည်းရှိလာသလို ဖက်ရှင်အပေါ်ရူးသွပ်တဲ့ စိတ်ကလည်း တဖြည်းဖြည်း မြင့်မားလာတာတွေ့ရပါတယ်။ ဆယ်ကျော်သက်ကောင်လေးတွေက ဖက်ရှင်ကို သူ့နေရာနဲ့သူဝတ်တတ်စားတတ်လာတာကလည်း စိတ်ကျေနပ်စရာကောင်းတဲ့အခြေအနေတစ်ခုပါနော်။ ဖက်ရှင်အမြင်မရှိဘူးတို့၊ မင်းဝတ်ထားတာက တောဆန်တယ်ဆိုတယ် အမြင်တွေကိုပြောင်းလဲပေးဖို့အတွက် ပေါ့ပေါ့ပါးပါးဖြစ်စေပြီး ဘယ်လိုနေရာမျိုးသွားရင် ဘယ်လိုဖက်ရှင်ကလိုက်ဖက်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Short Pants+Tee


လူငယ်တွေက ဖက်ရှင်ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားမျိုးကိုသာ အပြင်သွားတာမျိုးဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ Hangout လုပ်တာမျိုးဖြစ်ဖြစ်ဝတ်ဆင်လို့ရတာ Outfits မျိုးဖြစ်ပါတယ်။ Oversized T Shirt လေးတွေကို Chino Shorts လေးတွေနဲ့ဖြစ်ဖြစ် Denim Shorts, Utility Shorts လေးတွေနဲ့လည်းလိုက်ဖက်ပါတယ်။ ကိုယ်က ပိုပြီးတော့အထာကျချင်တယ်ဆိုရင်တော့ အပေါ်ကနေ ချည်သားလို Shirt မျိုးနဲ့လည်းလိုက်ဖက်ပါသေးတယ်။ ဖိနပ်ကိုတော့ Sneaker သို့မဟုတ် ကွင်းထိုးSlipper လေးတွေနဲ့လည်း တွဲစီးလို့ရပါတယ်နော်။

Sweat Pants + Hoodie


အခုလိုမျိုးရာသီဥတုမှာဆိုရင်တော့ Hoodie တို့ Pull Over တို့က အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ Sweat Pants ကလည်းဝတ်ရတာ စတိုင်ကျပြီးလူငယ်ဆန်စေတဲ့အတွက် ဆယ်ကျော်သက်တွေအတွက်ဆို အပြစ်ပြောစရာမလိုတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။ဒီစတိုင်လေးက အရပ်ရှည်တဲ့သူတွေအတွက်ဆိုလည်း မမှားပါဘူး။

Graphic Tee+ Jeans Pants 


Graphic Tee လေးတွေက ၂၁ရာစုမှာတော့ Trend အဖြစ်ဆုံး T Shirt Design လေးတွေဆိုလည်း မမှားပါဘူး။ ကိုယ့်ရဲ့ Mood အပေါ်မူတည်ပြီးတော့ Design လေးတွေဖန်တီးပြီး ဝတ်လို့လည်းရသလို Sticker Design မျိုးစုံကလည်း ကိုယ်ကT shirt အပေါ်ဘယ်လောက်ရူးသွပ်လဲဆိုတာ ဖော်ပြလို့ရတယ်နော်။  T shirt နဲ့ Jeans ကတော့ ဘယ်လိုပဲခွဲခွဲ ခွဲလို့မရတဲ့ Outfit အတွဲအစပ်ပဲ့ဖြစ်ပါတယ်။

Photo Source – Pinterest