ဆယ်ကျော်သက်အရွယ်က စိတ်ကစားတဲ့အရွယ်လည်းဖြစ်သလို၊ အမှားအမှန်လည်း သေချာမပိုင်းခြားနိုင်သေးတဲ့အရွယ်ပါ။ အချစ်ရေးနဲ့ပတ်သက်ပြီး၊ လူတွေနဲ့ပတ်သက်ပြီး သေချာမသိသေးတဲ့အရွယ်ဖြစ်တာကြောင့် အမှားလုပ်မိဖို့လည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ရည်းစားထားရင်တောင် ဒီအရာတွေကိုတော့ လုံးဝမလုပ်ပါနဲ့။

ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတတ်သလို၊ အရမ်းလည်းအယုံလွယ်တတ်ကြပါတယ်။ ဒီအရွယ်မှာ အတည်တကျဖြစ်တယ်ဆိုတာ ရှားပါတယ်။ ဆယ်ကျော်သက်အရွယ်ထဲကစတွဲလာပြီး ၁၀ နှစ်ကျော်ကြာတဲ့အထိ လက်တွဲသွားတဲ့သူတွေလည်းရှိသလို၊ ခဏလေးနဲ့ပြတ်သွားတာတွေလည်း ရှိပါတယ်။ အဓိကကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူပေါ်မှာလည်း မူတည်သလို၊ ကိုယ့်စိတ်ပေါ်မှာလည်း မူတည်ပါတယ်။ အမှားနည်းချင်ရင်၊ မခံစားချင်ရင်တော့ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုမလွန်ကဲလိုက်ပါနဲ့။

ဆယ်ကျော်သက်အရွယ်မှာ လူတစ်ယောက်ကို အရမ်းပုံအောပြီးမချစ်လိုက်ပါနဲ့။ စိတ်ကစားတဲ့အရွယ်ဖြစ်တာကြောင့် စိတ်ကအမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ အပြောတွေကြားမှာမျောပြီး ကိုယ့်ဘက်က ပုံအောပြီးချစ်လိုက်ရင် တစ်ဖက်လူကပြောင်းလဲသွားတဲ့အခါ အရမ်းကိုခံစားရနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ ဆယ်ကျော်သက်အရွယ်မှာ စိတ်အလိုလိုက်ပြီး လက်ထပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ လက်ထပ်လိုက်ရတဲ့အခြေအနေတွေ ဖြစ်မလာအောင်လည်း ဆင်ခြင်ဖို့လိုပါတယ်။ အရမ်းငယ်လွန်းတဲ့အတွက် ဘဝအကြောင်းလည်း မသိသေးပါဘူး။ ကိုယ့်မှာလည်း ရှေ့ဆက်ရမယ့်အနာဂါတ်က အများကြီးကျန်ပါသေးတယ်။ ဒီအရွယ်မှာလက်ထပ်လိုက်ရင်လည်း အဆင်မပြေတာတွေ အများကြီးကြုံတွေ့ရမှာပါ။

ဆယ်ကျော်သက်အရွယ်က ပညာရှာရမယ့်အရွယ်၊ ပညာတတ်အောင် ဆက်သင်ရအုံးမယ့်အရွယ်ဖြစ်တာကြောင့် အချစ်ရေးနဲ့ ပညာရေးယှဉ်လာရင် ပညာရေးကိုပဲ ဦးစားပေးသင့်ပါတယ်။ ဒါမှ ကိုယ့်ဘဝတိုးတကမှာပါ။ ပညာရေးကိုဂရုမစိုက်ပဲ အချစ်ရေးကိုပဲဦးစားပေးပြီး အချစ်အတွက်နဲ့ပဲ ပူဆွေးနေမယ်ဆိုရင်တော့ အသက်ကြီးလာလို့ ရင့်ကျက်လာတဲ့အချိန်ရောက်ရင် နောင်တရပါလိမ့်မယ်။

Photo source: www.pinterest.com