ကိုးရီးယား မင်းသမီး၊ Idol တွေရဲ့ မိတ်ကပ်ကို ကြည့်လိုက်ရင် အားကျစရာကောင်းပြီး လိမ်းတတ်ရင် လိမ်းတတ်သလို ကြည့်လို့ လိုက်ဖက်လှပါတယ်။ အာရှသူ မိန်းကလေးတွေအနေနဲ့ အာရှစတိုင် မိတ်ကပ် Look တွေကို နမူနာ ယူတာက ပို အသုံးဝင်နိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကိုးရီးယား ဆန်ဆန် မိတ်ကပ်လိမ်းချင်တဲ့ ပျိုမေတို့ သိထားသင့်တဲ့ အဆင့်တွေကို ဖော်ပြပါရစေ။

၁။ Toner Pads

ကိုးရီးယား မိတ်ကပ် Tutorial တွေမှာ မိတ်ကပ် မလိမ်းခင် Toner Pads ကပ်ထားကြတာကို သင်မြင်ဖူးမှာပါ။ Toner Pads က မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာကို ပိုချောမွေ့စေနိုင်ပါတယ်။

၂။ Liquid Foundation

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာလေး ကိုးရီးယား ဆန်ဆန် မွှတ်မွှတ်လေး ဖြစ်နေစေဖို့ Liquid Foundation ကို သုံးပေးသင့်ပါတယ်။ Liquid Foundation က Coverage ကောင်းတာကြောင့် အပြစ်အနာအဆာတွေကို ထိရောက်စွာ ဖုံးပေးနိုင်ပါတယ်။

၃။ Application

Liquid Foundation ကို Brush နဲ့ ယူပြီး မျက်နှာပေါ် Apply လုပ်ပေးရပါမယ်။ ပြီးရင်တော့ ပုံမှန်အတိုင်း Sponge နဲ့ မိတ်ကပ်သား ညီသွားအောင် Blend လုပ်ပေးရပါမယ်။

၄။ မျက်တောင်တု တပ်တဲ့အခါ

ပျိုမေတို့အများစုအတွက် မျက်တောင်တု တပ်တဲ့အခါ အပြည့်ပါတဲ့ ပုံစံက ပိုလွယ်တယ် ထင်ရပေမယ့် သိပ် သဘာဝ မကျလှပါဘူး။ မျက်တောင် သုံးမျှင်လောက်ပဲ ပါတာမျိုး သပ်သပ်ဆီ ညှပ်ပြီး တပ်မယ်ဆိုရင်တော့ ကိုးရီးယားဆန်ဆန် သဘာဝကျစေပါလိမ့်မယ်။

ဒီလို ညှပ်မသုံးချင်ရင် ပိုခက်တဲ့ Cluster Lashes တွေကို သုံးနိုင်ပါတယ်။

၅။ မီးခြစ်ကို သုံးပါ

Photo Source: YouTube

မျက်တောင်တုတပ်ပြီး မျက်တောင်ခြယ်တာတွေ အကုန်ပြီးတာနဲ့ နောက်ဆုံးအဆင့်အနေနဲ့ မီးခြစ်နဲ့ တုတ်ချောင်းကို သုံးပြီး အပူပေးရပါမယ်။

ပြီးနောက် ခံနိုင်မယ့် အပူလောက်မှာ ကိုယ်လိုချင်တဲ့ Direction အတိုင်း မျက်တောင်ကို ပိုကော့အောင် ဖိပေးရပါမယ်။ အောက်မျက်တောင် ခြယ်ဆေးတွေကိုလည်း ဒီတုတ်တံ သုံးလိုက်ရင် ပိုရှင်းလင်းသွားစေပါလိမ့်မယ်။

၆။ နှုတ်ခမ်းနီသုံးတဲ့အခါ

Gradient Effect ဖြစ်တဲ့ နှုတ်ခမ်းအလယ်ကသာ ရင့်ပြီး ကျန်တဲ့နေရာတွေက ဖျော့ဖျော့လေး ဖြစ်တဲ့ စတိုင်ကို ကိုးရီးယားမင်းသမီးတွေ အများစု သုံးတတ်ကြပါတယ်။

ဒီလို Effect ရဖို့ နှုတ်ခမ်းနီကို နှစ်ရောင် သုံးပေးရပါမယ်။ အောက်ခံ အရောင်ကို ဖျော့တာလေး အရင်ဆိုးပြီး နှုတ်ခမ်းအလယ်ကိုတော့ အရောင်ရင့်နဲ့ ဆိုးပေးရပါမယ်။

၇။ Blusher သုံးတဲ့အခါ

Blusher သုံးတာလည်း နှုတ်ခမ်းနီ နည်းလမ်းလိုပါပဲ။ အရောင်ဖျော့နဲ့ အရောင်ရင့် နှစ်မျိုး သုံးပေးရပါမယ်။ 3D Effect မျိုးရဖို့ အောက်ဘက်မှာ အရောင်ဖျော့ဖျော့ Blusher လေး ခြယ်ပေးရပါမယ်။

အပေါ်ကနေ ပိုရင့်တဲ့ Blusher ကို အနည်းငယ် ခြယ်ပေးရပါမယ်။

ဒါဆိုရင်တော့ သင်လိုချင်တဲ့ ကိုးရီးယားစတိုင် မိတ်ကပ်မျိုး ရဖို့ နီးစပ်သွားပါပြီ။

Photo Source: Pinterest

By MyStyle Myanmar