Swifties တွေအားလုံးမင်္ဂလာပါ။ အမြဲတောက်ပနေမယ့် အနုပညာရှင်တစ်ဦးကတော့ Taylor Swift ပါပဲ။ You Belong With Me သီချင်းထဲက မျက်မှန်လေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးကို ကျွန်မတို့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ သူမ ချစ်တဲ့ အဆိုပိုင်းကို ဘယ်တော့မှ လက်မလျှော့ဘဲ စိတ်ရောကိုယ်ပါ နှစ်ပြီး ဘယ်လောက်ထိကြိုးစားခဲ့ကြောင်း Taylor ရဲ့ သီချင်းတွေကို နားထောင်ကြည့်ရင် သိနိုင်ပါတယ်။

Taylor ရဲ့ သီချင်းတိုင်းက တစ်ပုဒ်ထွက်ရင် ထွက်သလို အမြဲ ထိပ်ဆုံးမှာ ရပ်တည်တတ်ပြီး မှတ်တမ်းတင်သွားပါတယ်။ အခုလည်း “All Too Well” ဆိုတဲ့ Short Film သီချင်းကို Taylor က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ဒါရိုက်တာ လုပ်ထားပါတယ်။ ဒီသီချင်းကလည်း လက်ရှိမှာ No 1 Trending ဝင်နေပါတယ်။

Taylor က အမြဲတောက်ပနေသလို သူမရဲ့ စင်မြင့်ထက်ကဖက်ရှင်တွေကလည်း အမြဲ အသက်ဝင်နေတတ်ပါတယ်။ သူမရဲ့ ဂီတအပေါ် ရူးသွပ်မှုကို သူမရဲ့ စင်မြင့်ထက်က ပုံရိပ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ Taylor ရဲ့ ဘယ်တော့မှ Out Of Style မဖြစ်မယ့် စင်မြင့်ထက်ကဖက်ရှင်တွေကို ဆက်ကြည့်လိုက်ရအောင်နော်

Photo Source: Pinterest

By MyStyle Myanmar