ကမ္ဘာကျော် အနုပညာရှင်တွေက များပြားလှတဲ့သူတို့ရဲ့ အလုပ်ချိန် အချိန်ဇယားတွေ၊ ရှိုးပွဲတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ကြားက သူတို့ရဲ့ ခန္ဓာကိုယ်ကို အဆီပိုတွေ မရှိအောင် ဘယ်လိုထိန်းသိမ်းကြသလဲဆိုတာကို စိတ်ဝင်စားကြမှာပဲနော်။

ဒီဆောင်းပါးလေးထဲမှာတော့ ကမ္ဘာကျော် အဆိုတော်မလေး Taylor Swift ရဲ့ စားသောက်ပုံစနစ်နဲ့ အချိုးအစားကျတဲ့ခန္ဓာကိုယ်ရအောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ရေများများသောက်ခြင်း

Source: purseblog.com

ခန္ဓာကိုယ် အချိုးအစားလှပအောင် ထိန်းသိမ်းတဲ့နေရာမှာ ရေရဲ့ အရေးပါပုံကို Taylor Swift က ကောင်းကောင်းကြီး နားလည်ပါတယ်။ ဒါ့ကြောင့်မို့ သူက တစ်နေ့ကို ရေဗူး ၁၀ ဗူးသောက်တယ်လို့ ဆိုပါတယ်။ ဒီလိုရေအများကြီး သောက်လို့လည်း သူရဲ့ သူငယ်ချင်းတွေက သူ့ကို စနောက်ပါသေးတယ်။

တနင်္လာနေ့မှ သောကြာနေ့အထိ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း

Source: meetzipongo.com

ဘယ်လောက်ပဲ အဆီအဆိမ့်တွေ များတဲ့အစားအစာတွေ၊ အသင့်စား အစားအစာတွေကို စားချင်နေပါစေ ရက်သတ္တပတ်ရဲ့ ကြားရက်တွေမှာတော့ စားလေ့မရှိပါဘူး။ ထိုကြားရက်တွေမှာ ဟင်းသီးဟင်းရွက်များများ၊ အာဟာရပြည့်ဝတဲ့ အသားများများ စားခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။

ပိတ်ရက်တွေမှာပဲ မိမိစိတ်ကို အလိုလိုက်ခြင်း

Source: .cookinglight.com

ကြားရက်တွေမှာတော့ မုန့်ပဲသရေစာတွေ ရှောင်လေ့ရှိပေမယ့် ပိတ်ရက်မှာတော့ ဟမ်ဘာဂါတို့ အာလူးကြော်တို့ စားသုံးလေ့ရှိပါတယ်။ ဒါ့အပြင် ကွတ်ကီးတို့ အချိုပွဲတို့လို ကယ်လိုရီမြင့်မားတဲ့အစားအသောက်တွေလည်း စားသုံးလေ့ရှိပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း

Source: Pinterest.com

Taylor က မနက်ခင်းတိုင်းမှာ ပုံမှန် အပြေးလေ့ကျင့်လေ့ရှိပါတယ်။ ဒါ့အပြင် Gym ခန်းမသွားပြီးတော့လည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

ဝိတ်ကျစေဖို့ကို အာရုံမထားဘဲ ကျန်းမာကြံ့ခိုင်စေရေးကိုသာ ရှေးရှုခြင်း

Source: Shutterstock.com

ပိန်ဖို့ကိုပဲ ဦးစားပေးမယ်၊ လေ့ကျင့်ခန်းပြုလုပ်ဖို့ကိုပဲ အာရုံထားနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့တိုးတက်မှုဖြစ်စဉ်က နှေးကွေးသွားတတ်တယ်လို့ Taylor က ယုံကြည်ပါတယ်။ ဒါ့ကြောင့် သူမက ဝိတ်ကျဖို့ဆိုတာထက် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေဖို့ကိုပဲ အာရုံပြုထားပါတယ်။