အားလုံးပဲ မင်္ဂလာပါနော်။ တက်တူးထိုးတဲ့အခါ ကိုယ့်အတွက်စိတ်ခွန်အားဖြစ်စေမယ့် စာစုလေးတွေ၊ သင်္ကေတလေးတွေ ရွေးချယ်တာက အဓိပ္ပာယ်လည်းရှိသလို စိတ်ညစ်တဲ့အချိန်တိုင်း အားတင်းထားဖို့ သတိပေးနေသလို ခံစားရစေပါတယ်။ ဒီလိုအမှတ်တရဖြစ်တဲ့ တက်တူးမျိုး ထိုးဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် အရမ်းလှတဲ့ တက်တူးဒီဇိုင်းလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။ ခန္ဓာကိုယ်ဘယ်နေရာမှာပဲထိုးထိုး ကြည့်လို့လှစေမယ့်အပြင် မြင်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး တန်ဖိုးထားဖို့ အမှတ်ရစေမှာဖြစ်လို့ နမူနာယူနိုင်အောင် ကြည့်လိုက်ရအောင်နော်-
၁။ ရိုးရိုးရှင်းရှင်း အသည်းပုံ အသေးစားလေး

၂။ Romantic ဆန်ဆန်အချစ်ကို ကိုယ်စားပြုတဲ့ နှင်းဆီပုံ တက်တူးလေး

၃။ ကိုယ့်ကိုယ်ကိုယ်ပြန်ဖက်နေသလို ပုံဖော်ထားတဲ့ Self Love တက်တူးတွေ

၄။ ကိုယ်ခန္ဓာကိုယ်အပေါ် အကောင်းမြင်စိတ်ရှိဖို့ ရည်ညွှန်းနေတဲ့ တက်တူးဒီဇိုင်းလေး

၅။ အချစ်ခံတစ်ယောက်ဖြစ်ကြောင်း သတိပေးနေမယ့် “Loved” တက်တူးလေး

၆။ Self Love နဲ့ပက်သက်တဲ့ နာမည်ကြီးဆောင်ပုဒ် (သို့) သီချင်းစာသားတွေ

၇။ “Love Myself” လို့ရေးထားတဲ့ စာသားတက်တူးလေး

၈။ ပန်းတွေကို အသည်းပုံစံဖော်ထားတဲ့ ဒီဇိုင်းလေး
Photo Source: preview.ph, Pinterest
By MyStyle Myanmar

