Tattoo သေးသေးပိစိလေးတွေထိုးချင်တဲ့ ကောင်မလေးတွေအတွက် ချစ်စရာကောင်းတဲ့ Tattoo Design လေးတွေနဲ့ သေးသေးလေးနဲ့လှတဲ့ Tattoo Design လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ခေတ်ရေစီးကြောင်းအရ လူငယ်ကောင်မလေးတွေ တော်တော်များများက Tattoo သေးသေးပိစိလေးတွေ ထိုးလာကြပါတယ်။

ဒီ Design လေးကတော့ 2024 Fashion မှာ အရမ်း Trends ဖြစ်နေတဲ့ Ribbon Design လေးပါ။ ဒါကြောင့် လူငယ်ကောင်မလေးတွေအနေနဲ့ Tattoo ပိစိလေးထိုးဖို့ Design စဉ်းစားရခက်နေရင် ချစ်စရာကောင်းတဲ့ Ribbon Design လေးကိုသာ ထိုးလိုက်တော့နော်။

ယုန်ချစ်တဲ့ ကောင်မလေးတွေဆိုရင် ဒီ Design လေးကို ထိုးလို့ရပါတယ်။ Color လေးနဲ့ဖြစ်လို့ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

လက်ချောင်းမှာထိုးမယ်ဆိုရင် ချစ်ဖို့ကောင်းအောင် Color လေးနဲ့ ထိုးကြည့်ပါ။ ကိုယ်ကြိုက်တဲ့စာသားလေးတွေ၊ စာလုံးလေးတွေကို ထိုးလို့ရပါတယ်။

ဒီ Design လေးကတော့ အရိုးရှင်းဆုံးနဲ့ သေးသေးလေးမို့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားစေဘူးနော်။

ပန်းကြိုက်တယ်ဆိုရင် ရိုးရိုးပန်းပွင့်တွေထိုးတာထက် ဒီလိုလေးထိုးတာက ပိုဆန်းသစ်ပြီးလှပါတယ်။

လိပ်ပြာပုံကိုမှ သေးသေးပိစိလေး ထိုးချင်တယ်ဆိုရင်တော့ ဒီလိပ်ပြာ Design လေးက အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ချယ်ရီသီးလေးက အနီရောင်ဖြစ်လို့ ပေါ်လွင်စေပါတယ်။ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Design လေးပါပဲ။

Lucky Leaf လေးဖြစ်တဲ့ Clover Design လေးကိုလည်း သေးသေးလေးထိုးမယ်ဆိုရင် အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

သေးသေးပိစိလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Design လေးပါ။ သူများတွေသိပ်မထိုးတဲ့ Design မျိုး ထိုးချင်တယ်ဆိုရင်တော့ ဒီ Tattoo Design လေးကိုသာ ရွေးချယ်လိုက်တော့နော်။

လိပ်ပြာပုံလေးတွေထိုးချင်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ် လှပတဲ့လိပ်ပြာ Design လေးပါ။ လခြမ်းပုံလေးပါတာက အသက်ပါပဲ။ လုံးဝကို အမြင်ဆန်းသွားစေတာပါ။

နားအနောက်မှာလည်း လိပ်ပြာပုံသေးသေးလေးတွေထိုးရင် အရမ်းလှပါတယ်။