ခြေထောက်လေးဖြူနေတာမျိုးလိုချင်ရင်တော့ ကိုယ်တိုင်ကလည်း ဂရုစိုက်မှရမှာပါ။ ဆိုင်မှာသွားလုပ်ဖို့ကျတော့လည်း ငွေကုန်တယ်လေ။ ဒါကြောင့် ညစ်နေတဲ့ခြေထောက်လေးတွေဖြူလာဖို့နဲ့ ခြေဖနောင့်အက်ကွဲတာတွေပါ သက်သာလာစေဖို့ အိမ်မှာပဲ Spa လုပ်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်တယ်နော်။

ခြေသည်းနီဆိုးထားရင် ခြေသည်းနီတွေကို ဖျက်ဆေးနဲ့ သေချာပျက်အောင်ဖျက်ပါ။

ဇလုံတစ်လုံးထဲကို ရေနွေးထည့်ပြီး Baby Shampoo ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပါ။ ပြီးရင် အဲ့ထဲမှာ ခြေထောက်ကို ၅ မိနစ်စိမ်ထားပါ။ စိမ်ရင်းနဲ့ ခြေထောက်ကို Brush နဲ့တိုက်ပါ။ အသားမာတက်တဲ့နေရာ၊ ခြေဖနောင့်ကွဲတဲ့နေရာကိုပါတိုက်ပါ။ အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။

ဇလုံထဲကို ရေနွေးအသစ်ထပ်ထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး သံပုရာသီတစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။ ပြီးရင်တော့ ခြေထောက်ကို ၅ မိနစ်ထည့်စိမ်ပါ။ စိမ်ထားတဲ့အချိန်မှာပဲ သံပုရာသီးအခွံနဲ့ ခြေသည်းကိုပွတ်ပါ။ အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။

ပန်းကန်တစ်လုံးထဲကို သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကော်ဖီမှုန့်အစစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ Aloe Vera Gel – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သံပုရာသီး တစ်ခြမ်းကိုအရည်ညှစ်ပြီး မွှေပါ။ မွှေပြီးရင်တော့ ခြေထောက်မှာ ပေါင်းတင်သလို လိမ်းပေးပါ။ ၅ မိနစ်ထားပြီးရင် အဝတ်နဲ့သုတ်လိုက်ပါ။

နောက်ဆုံးမှာတော့ Foot Cream (သို့) Lotion ကို ခြေထောက်မှာ များများလေးလိမ်းလိုက်ရုံပါပဲ။ ခြေသည်းနီပြန်ဆိုးချင်ရင်လည်း ဆိုးလို့ရပါတယ်။ ဒါဆိုရင်တော့ ခြေထောက်လေးသန့်ပြီး ဖြူသွားစေမယ့် Spa လုပ်နည်းလေး ပြီးသွားပါပြီ။ ခြေထောက်မဲညစ်နေရင် ဒီနည်းလမ်းလေးသုံးကြည့်ပါ။

Photo Source: www. arpitanath.com