မန်ကျည်းသီးက ခန္ဓကိုယ် ကျန်းမာရေးအတွက်သာမက အသားအရေအလှအပအတွက်ပါ အသုံးဝင်တယ်ဆိုတာကို ပျိုမေလေးတို့ သိပြီးကြပြီလာား။

မန်ကျည်းသီးမှာ AHA လို့ခေါ်တဲ့ Alpha Hydroxy Acids ပါဝင်တဲ့အတွက်ကြောင့် ချွေးပေါက်များ ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို နှောင့်နှေးစေပြီး အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ အသားအရေက အညစ်အကြေးကင်းစင်နေတဲ့အတွက်ကြောင့် ပျိုမေလေးတို့လိုချင်တဲ့ Glow ဖြစ်နေတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါတယ်။

သဘာဝအတိုင်း အသားအရေလေး Glow နေဖို့အတွက် မန်ကျည်းသီးနဲ့ ဘယ်လိုပေါင်းတင်ရမလဲဆိုတော့…

ပေါင်းတင်နည်း (၁)

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှင်းဆီရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးကာ အခြောက်ခံထားလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ပေါင်းတင်နည်း (၂)

မန်ကျည်းသီး ၃၀ ဂရမ်ကို နူးအိသွားအောင် ပြုတ်လိုက်ပါ။ ထို့နောက် အအေးခံပြီးတဲ့အခါ မန်ကျည်းနှစ်များကို ဆယ်ယူလိုက်ပါ။ ရရှိလာတဲ့မန်ကျည်းနှစ်ကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေ ၂၅၀ မီလီလီတာတို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ မျက်နှာမှာသုတ်လိမ်းပြီးတဲ့နောက်မှာ အခြောက်ခံထားလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။

ပေါင်းတင်နည်း (၃)

ပန်းကန်လုံးတစ်လုံးထဲတွင် မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို ရေချိုးတဲ့အခါ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်မှာ ကြေးချွတ်ပေးလိုက်ပါ။ ထိုအနှစ်က မျက်နှာကြေးချွတ်နိုင်ရုံသာမက Body Scrub အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

အထက်ဖော်ပြပါနည်းလမ်း (၃) မျိုးထဲက ပျိုမေတို့နှစ်သက်တဲ့နည်းလမ်းတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ပေးပါက အသားအရေလေးက သဘာဝအတိုင်း ကြည်လင်တောက်ပလာမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar