ပျိုမေတို့ရေ။ အုန်းဆီရှိရုံနဲ့ လှလို့ရပါပြီနော်။ သဘာဝအုန်းဆီဟာ သင့်အလှအပအတွက် များစွာ အသုံးဝင်ပါတယ်။

အုန်းဆီရဲ့ အကျိုးကျေးဇူး

အုန်းဆီဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ပါတယ်။ အုန်းဆီဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ မဖြစ်ပေါ်ဖို့ ကူညီပေးပါတယ်။ အသားအရေကိုလည်း စိုပြေစေပါတယ်။

လက်သည်းခြေသည်းတွေသန်မာဖို့

လက်သည်းခြေသည်းတွေ လှပသန်မာဖို့ အုန်းဆီကိုသုံးနိုင်ပါတယ်။ အုန်းဆီကို လက်သည်း၊ ခြေသည်းမှာ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ရေဆေးချပေးလိုက်ပါ။ လက်သည်းကျိုးတာ ပဲ့တာမျိုး ခဏခဏ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ဆံကေသာအတွက်


ဆံကေသာကိုသန်စွမ်း တောက်ပြောင်စေပါတယ်။ အုန်းဆီကို ခေါင်းမလျှော်ခင် ဦးရေပြားမှာ လိမ်းပေးပြီး ခဏလောက် နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုကပါ။

သွားဖြူဝင်းဖို့


သွားကျန်းမာရေးအတွက် အုန်းဆီကိုသုံးနိုင်ပါတယ်။ အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်းကို ပါးစပ်ထဲငုံပြီး ခဏထားလိုက်ပါ။ ပြီးရင် ပလုတ် ကျင်းပေးလိုက်ပါ။ အဲဒီနောက်သွားတိုက်တံနဲ့ သွားတိုက်ပေးလိုက်ပါ။ အုန်းဆီက ဘက်တီးရီးယားကို သေစေပြီး ခံတွင်းနံ့ဆိုးတာကို သက်သာစေပါတယ်။