လူငယ်ကောင်မလေးတွေနဲ့ Taeyeon ရဲ့ Fan လေးတွေအတွက် Taeyeon ရဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဖက်ရှင်လေးတွေဆိုရင် ကိုယ်တိုင်တောင် အလွယ်တကူလိုက်ဝတ်လို့ ရပါသေးတယ်။
Taeyeon ရဲ့ ဒီဖက်ရှင်လေးဆိုရင် အရမ်းမိုက်ပြီး ချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ သဘောကျမယ့်ဖက်ရှင်မျိုးပါ။ အလွယ်တကူလည်း လိုက်ဝတ်ကြည့်လို့ရပါတယ်နော်။
ဒီဖက်ရှင်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ Taeyeon လို လူကောင်သေးသေးလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။
Taeyeon ရဲ့ ဒီဖက်ရှင်လေးဆိုရင် ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီကို စတိုင်လ်ကျကျလေးဖြစ်အောင် ဝတ်ထားတာမို့ မိန်းကလေးတိုင်း သဘောကျမယ့်ဖက်ရှင်လေးပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။
ဒီဖက်ရှင်လေးကျတော့ ဂျင်းဘောင်းဘီနဲ့ တီရှပ်လေးကို ပေါ့ပေါ့ပါးပါးလေးဝတ်ထားတာမျိုးပါ။
Taeyeon ရဲ့ ဒီဖက်ရှင်လေးဆိုရင် ဂျင်းဘောင်းဘီအဖြူကိုမှ တီရှပ်အဖြူလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ Leather Jacket လေး အုပ်ထားပါ။ ရိုးရိုးလေးပေမယ့် ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းစေပါတယ်။
ဒီဖက်ရှင်လေးကတော့ ဂါဝန်အဖြူအပွလေးတွေကို Bomber Jacket လေးနဲ့ တွဲဝတ်ထားတာပါ။ Taeyeon လို လူကောင်သေးတဲ့ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
Taeyeon ရဲ့ ဒီဖက်ရှင်လေးဆိုရင်လည်း စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေ ကြိုက်မှာသေချာပါတယ်။
Photo source: www.pinterest.com