မင်္ဂလာပါနော်။ ဒီတစ်ခေါက် အနုပညာရှင်တို့ရဲ့ ဖက်ရှင်ကဏ္ဍအတွက် ဖော်ပြပေးချင်တဲ့ အနုပညာရှင်လေးကတော့ လတ်တလောကမှ ပရိတ်သတ်တွေရှေ့မှောက်ရောက်ရှိလာခဲ့တဲ့ LE SSERAFIM ဆိုတဲ့ ကိုရီးယားအမျိုးသမီးအဖွဲ့က Kazuha ပဲဖြစ်ပါတယ်။

Kazuha ရဲ့ နာမည်အပြည့်အစုံက Nakamura Kazuha ဖြစ်ပြီးတော့ သူမကို ၂၀၀၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က ဂျပန်နိုင်ငံ Kochi မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အသက် ၂ နှစ်ကနေ ၁၆ နှစ်အထိကိုတော့ Osaka မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် Dutch National Ballet Academy မှာ ဘဲလေးအကနဲ့ပတ်သက်ပြီး ဘွဲ့ယူဖို့အတွက် Amsterdam, The Netherlands မှာလည်း ၂ နှစ်နေထိုင်ခဲ့ဖူးပါသေးတယ်။

ဘဲလေးအကကို ၁၅ နှစ်တိုင်တိုင် သင်ယူခဲ့ဖူးပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ ဘဲလေးအကမယ်တစ်ဦးလည်းဖြစ်ပါတယ်။ အရပ်အမြင့် ၅ ပေ ၇ လက်မ ရှိပြီး Suzy နဲ့ တူတယ်ဆိုပြီးတော့လည်း ပရိတ်သတ်တွေက မှတ်ချက်ပေးကြပါတယ်။

အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းလှတဲ့ Kazuha ရဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Source: Pinterest