အသက်အရွယ်နဲ့ မလိုက်ဖက်အောင် နုပျိုနေတဲ့ နာမည်ကြီး Celebrities တွေရဲ့ ငယ်ရွယ်နုပျိုတဲ့အသားအရေရဖို့ သူတို့လုပ်လေ့ရှိတဲ့ အသားအရေထိန်းသိမ်းမှုလျှို့ဝှက်ချက်တွေကို ဝေမျှပေးချင်ပါတယ်။

Nicole Kidman ရဲ့လျှို့ဝှက်ချက်က Sunscreen အမြဲသုံးတာပါ။ အသက် ( ၅၀ ) ကျော်လာတဲ့အရေပြားက နေလောင်ဒဏ်၊ အသက်အရွယ်ကြောင့် အစက်အပြောက်နဲ့ အရေးအကြောင်းတွေ ပိုဖြစ်လွယ်လာပါတယ်။ Sunscreen က အရေပြားကင်ဆာကို ကာကွယ်ပေးရုံသာမက ခရမ်းလွန်ရောင်ခြည်ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း နှောင့်နှေးစေတာမလို့ Sunscreen ကို မဖြစ်မနေသုံးပေးဖို့ ပြောခဲ့ပါတယ်။

စိုပြေနေတဲ့သူမရဲ့အသားအရေအတွက် Halle Berry ရဲ့လျှို့ဝှက်ချက်ကတော့ ညဘက်မှာ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးတာပါ။ အတွင်းရော အပြင်ပါ ရေဓာတ်ထိန်းပေးတာက အရေးအကြောင်းတွေ လျော့ပါးစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေကို ပိုမိုနုပျိုစေတယ်။ ဒါကြောင့် တစ်နေ့တာကို ရေတစ်ခွက်နဲ့ စတင်ပြီး တစ်နေ့တာလုံး ရေဓာတ်ထိန်းပေးပါ။ အသားအရေကို ပုံမှန်အစိုဓာတ်ထိန်းပေးဖို့လည်း မမေ့ပါနဲ့။

သူမရဲ့အလှကြောင့် လူသိများတဲ့ Blanchett ရဲ့လျှို့ဝှက်ချက်ကတော့ နူးညံ့တဲ့ hydrating Cleanser ကို သုံးတာပါ။ အသက်ကြီးလာတာနဲ့အမျှ အသားအရေက ထိခိုက်လွယ်ပြီး ခံနိုင်ရည်နည်းပါးလာကြောင့် ပြင်းလွန်းတဲ့ Cleanser အစား နူးညံ့ပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ Cleanser ကို သုံးပေးပါ။

Salma Hayek ရဲ့လျှို့ဝှက်ချက်ကတော့ ဆဲလ်အသေတွေကို ဖယ်ဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် Exfoliate လုပ်တာပါ။ ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ကို ရစေဖို့ နဲ့ တောက်ပပြီး နုပျိုတဲ့ အသားအရေအတွက် Exfoliating က အဓိကကျတဲ့အရာပါပဲ။

Michelle Pfeiffer ကတော့ ဗီတာမင် C လို Antioxidants တွေအများကြီးပါတဲ့ Serum ကို သုံးပေးတာပါ။ ဒီလိုမျိုး Serum တွေက အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ ၊ လိုင်းတွေနဲ့ အရေးအကြောင်းတွေကို လျော့ကျစေပါတယ်။

Sandra Bullock ရဲ့အဖြေကတော့ Eye Cream ကို ဘယ်တော့မှ မရှောင်ဖို့ပါ။ အထူးသဖြင့် အသက် 50 ကျော်လာပြီဆိုရင် Eye Cream ကို ဘယ်တော့မှ မရှောင်ပါနဲ့။

မျက်နှာကိုနှိပ်ပေးတာက အရေးကြောင်းတွေကို လျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် အသားအရေကို ကျန်းမာတောက်ပစေတာမလို့ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့တာက Julia Roberts ပါ။

[