မင်္ဂလာပါ… ပျိုမဒီတို့ရေ…. အများစုက Vaseline ဆိုရင် နှုတ်ခမ်းကွဲတာတွေသက်သာဖို့ အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမယ့် Vaseline က နှုတ်ခမ်းကွဲဒဏ်ရာတွေကို သက်သာစေတာထက် ပိုပြီးအသုံးဝင်တယ်ဆိုတာကော သိပါရဲ့လား ?

ဒါကြောင့် သင်မသိသေးတဲ့ Vaseline ရဲ့ အသုံးဝင်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခြစ်ရာ

သစ်သားတွေပေါ်မှာ ခြစ်ရာတွေရှိနေရင် Vaseline ပမာဏအနည်းငယ်ကို သစ်သားထဲကို ပွတ်တိုက်ပြီး မထူမပါးလေး လိမ်းပေးပါ။ 24 နာရီစောင့်ပြီး အဝတ်နဲ့ပြန်သုတ်ပေးပါ။

သားရေ

သားရေနဲ့လုပ်ထားတဲ့ ပရိဘောဂတွေ ဖိနပ်တွေမှာရှိတဲ့ ခြစ်ရာလေးတွေကိုဖယ်ဖို့ သားရေအရာင်တင်ဖို့အတွက်လည်း သုံးလို့ရပါသေးတယ်။  Vaseline ပမာဏအနည်းငယ်ကိုယူပြီး အဝတ်လေးနဲ့ပွတ်ပေးပါ။

ပတ္တာ

ဖွင့်ရခက်တဲ့ ပြတင်းပေါက်တွေ ၊ တံခါးတွေအတွက် ချောဆီလိုနေရင်လည်း Vaseline ကို အသုံးပြုလို့ရပါတယ်။

အစွန်းအထင်းများ

မျက်နှာသုတ်ပုဝါ၊ အိပ်ယာ ဒါမှမဟုတ် ခေါင်းအုံးတွေမှာ မိတ်ကပ်လိကြောင့်ပေနေတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ရေစိုနေတဲ့ အဝတ်နဲ့ Vaseline အနည်းငယ်ကို အသုံးပြုနိုင်ပါသေးတယ်။

မီးသီး

မီးသီးကို ဝက်အူဖြုတ်တဲ့အခါ ကြပ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ Vaseline ပမာဏအနည်းငယ်ကို မီးသီးအောက်ခြေမှာ လိမ်းပေးမယ်ဆိုရင် ပြန်ဖြုတ်တဲ့အခါ အချိန်ကုန်သက်သာစေမှာပါ။

ပိုးမွှားများ

ပြတင်းပေါက် ထောင့်စွန်းမှာပဲဖြစ်ဖြစ် မီးဖိုချောင်တစ်ဝိုက်မှာပဲဖြစ်ဖြစ် ပုရွက်ဆိတ်တွေများနေရင် Vaseline အနည်းငယ်ကို သူတို့လာမယ့်လမ်းကြောင်းမှာ လိမ်းထားလိုက်ပါ။ ပိုးမွှားရန် ကင်းရှင်းစေပါတယ်။