ပါးစပ်ခံတွင်းနံ့မွှေးပျံ့ဖို့၊ ရောဂါပိုးသန့်ရှင်းစေဖို့အတွက် သွားမှန်မှန်တိုက်တာအပြင် ခံတွင်းသန့်စင်ဆေးရည် (Mouthwash) ကိုလည်း တချို့လူတွေက အသုံးပြုကြပါတယ်။ Antiseptic နဲ့ Antifungal အစွမ်းသတ္တိတွေပါဝင်လို့ ပါးစပ်ခံတွင်းသန့်စင်ဖို့သာမက ဝက်ခြံနဲ့ ဗောက်တို့လို ပြဿနာတွေကို ရှင်းလင်းဖို့အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ အခုပဲ ခံတွင်းသန့်စင်ဆေးရည် (Mouthwash) ရဲ့ အခြားအသုံးပြုနိုင်မယ့် နေရာတွေနဲ့ အသုံးပြုနည်းတွေကို မျှဝေပေးမယ်နော်။

ဗောက်ပျောက်စေခြင်း

Source: Beauty & Health Tips

Antifungal ပါဝင်လို့ ခံတွင်းသန့်စင်ဆေးရည် (Mouthwash) ကို ဗောက်တွေပျောက်ကင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရေမချိုးခင် ရေနဲ့ Mouthwash တို့ကို အချိုးအဆမျှတူရောစပ်ပါ။ သုံးနေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးပြီဆို ဒီအရောကို ဦးရေပြားမှာလိမ်းလိုက်ပြီး မိနစ်အနည်းငယ်ထားကာ ရေနဲ့ပြန်ဆေးချလိုက်ပါ။

လက်သည်းခြေသည်းရှိ မှိုတွေကိုကုသပေးနိုင်ခြင်း

Mouthwash နဲ့ ရှာလကာရည်တို့ကို အချိုးအစားညီညီရောစပ်ပြီး ထိုအရောထဲကို ဂွမ်းလုံးနှစ်လိုက်ပါ။ ပြီးရင် လက်သည်းခြေသည်းတို့ကို တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ထိ လိမ်းပေးပါ။ မပျက်မကွက် မှန်မှန်လုပ်ပေးမယ်ဆိုရင်တော့ ရက်သတ္တပတ်အနည်းငယ်အတွင်း တိုးတက်လာတဲ့ရလဒ်တွေကို မြင်တွေ့ရမှာပါ။

တိုနာအဖြစ်သုံးနိုင်ခြင်း

Source: Glamderm

ကိုယ်သုံးနေတဲ့ တိုနာကုန်သွားလို့ ဝယ်ဖို့လည်းအချိန်မရှိသေးဘူးဆို Mouthwash ကို အစားထိုးသုံးနိုင်ပါတယ်။ မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင်ဖယ်ရှားနိုင်ရုံသာမက ဝက်ခြံတွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ ဂွမ်းလုံးကို Mouthwash နည်းနည်းထဲနှစ်လိုက်ပြီး မျက်နှာတစ်ဝိုက်လိုက်လိမ်းပေးပါ။ ဒါပေမယ့် သင်က Sensitive အသားအရေသမားဆိုရင်တော့ လိုက်မလုပ်ဖို့ပြောချင်ပါတယ်။

အနံ့ဆိုးတွေဖယ်ရှားနိုင်ခြင်း

ဂျိုင်းချွေးနံ့ထွက်တတ်သူတွေအနေနဲ့ လူကြားထဲသွားရချိန်အနံ့မထွက်စေဖို့ ဂွမ်းလုံးကို Mouthwash နည်းနည်းထဲနှစ်လိုက်ပြီး ချိုင်းမှာလိုက်တို့ပေးပါ။

ခြေထောက်အညောင်းပြေစေခြင်း

ညောင်းညာကိုက်ခဲနေတဲ့ ခြေထောက်တွေကို အကြောပြေသက်သာချင်ပါသလား။ ရေနွေးနွေးလေးထဲ Mouthwash ၂ ခွက် ၃ ခွက်လောက် ထည့်လိုက်ပြီး မွှေပေးပါ။ ပြီးရင် ဒီအထဲကို ခြေထောက်ထည့်လိုက်ပြီး ၁၅ မိနစ်စိမ်ထားပေးပါ။

By MyStyle Myanmar