သင့်အနေနဲ့ မတူညီတဲ့ လူမျိုးတွေရဲ့ အံသြဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ကြားဖူး ကြုံဖူးကြမယ်ထင်ပါတယ်။ အခု MyStyle Myanmar ကနေပြီးတော့ နိုင်ငံအသီးသီးရဲ့ အံသြဖွယ်ရာ ဓလေ့ထုံးတမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

အိန္ဒိယနိုင်ငံမှာ အိမ်သာသုံးစက္ကူ မသုံးကြဘူး

ဥရောပခရီးသွားတွေ တော်တော်များများ အိန္ဒိယနိုင်ငံကို ရောက်သွားရင် ကြုံရတဲ့ အခက်အခဲတစ်ခုက အိမ်သာသုံးစက္ကူကို သုံးလေ့မရှိကြတာပါပဲ။ သူတို့ဆီမှာ စက္ကူအစား ရေကိုပဲ အသုံးပြုကြပါတယ်။

လက်ထပ်ပြီး အင်ဒိုနီးရှား စုံတွဲတွေက ရေချိုးခန်းမသုံးကြဘူး

Tidong ဆိုတဲ့ အင်ဒိုနီးရှား လူမျိုးတွေက လက်ထပ်ပြီး ၃ ရက်လောက် အိမ်မှာရှိတဲ့ ရေချိုးခန်းကို အသုံးမပြုကြပါဘူး။ တကယ်လို့ အသုံးပြုခဲ့ရင် သူတို့အတွက် ကံမကောင်းဘူးလို့ အယူရှိလို့ပါပဲ။ သူတို့မိသားစုတွေက ဒီဓလေ့ထုံးတမ်းကို လက်ထပ်ပြီးခါစ လင်မယားတွေ မဖောက်ဖျက်အောင် သေချာ စောင့်ကြည့်လေ့ရှိကြပါတယ်။

Maasai လူမျိုးတွေက တံတွေးထွေးပြီး နှုတ်ဆက်ကြတယ်

လူတွေအများစုကတော့ တံတွေးထွေးတာကို ရိုင်းတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ကင်ညာနိုင်ငံက Maasai လူမျိုးတွေကတော့ တယောက်ကိုတယောက်နှုတ်ဆက်တဲ့အချိန်မှာ လက်ကိုတံတွေးထွေးပြီး လက်ဆွဲနှုတ်ဆက်လေ့ရှိပါတယ်။ ပြီးတော့ မွေးကင်းစကလေးနဲ့ သတို့သမီးတွေကိုလည်း တံတွေးနဲ့ ထွေးပြီး ကောင်းချီးပေးလေ့ရှိပါတယ်။

မက္ကဆီကို နိုင်ငံမှာ နှင်းဆီပန်းအဝါမပေးမိပါစေနဲ့

နှင်းဆီပန်းဟာ လူတယောက်ရဲ့စိတ်ခံစားမှုကို ဖော်ပြပေးတဲ့ အကောင်းဆုံးလက်ဆောင်ပစ္စည်းပါ။ ဒါပေမဲ့ မက္ကဆီကိုနိုင်ငံမှာတော့ နှင်းဆီပန်းအဝါကို သွားမပေးမိပါစေနဲ့။ သူတို့နိုင်ငံမှာ နှင်းဆီပန်းအဝါကို သေခြင်းတရားရဲ့ သင်္ကေတအနေနဲ့ သက်မှတ်ထားလို့ပါပဲ။

ဂျာမနီနိုင်ငံမှာ လက်မထပ်ခင် အိုးတွေခွဲးလေ့ရှိတယ်

ဂျာမနီနိုင်ငံမှာ လက်ထပ်ခင် ရက်အနည်းငယ်အလိုမှာ Polterabend ဆိုတဲ့ ဓလေ့ထုံးတမ်းတခု ကျင်းပလေ့ရှိပါတယ်။ အဲ့ဒီပွဲမှာ အိမ်လာတဲ့ဧည့်သည်တွေက မြေအိုးတွေသယ်လာပြီး လက်ထပ်တော့မဲ့ စုံတွဲအိမ်မှာ ခွဲလေ့ရှိပါတယ်။ ခွဲပြီးသားအိုးတွေကိုတော့ စုံတွဲတွေက ရှင်းလင်းပေးရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် စုံတွဲတွေအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာတယ်လို့ လို့ယူဆထားကြတာပါ။

ဒိန်းမက် နိုင်ငံမှာ Single တွေကို သစ်ကျပိုးခေါက်တွေနဲ့ ပစ်ပေါက်ကြတယ်

ဒီဓလေ့ထုံးတမ်းကတော့ ၁၆ ရာစုကတည်းက ဒိန်းမက်နိုင်ငံမှာ ကျင့်သုံးခဲ့တာပါ။ ယခုအထိလည်း ကျင့်သုံးနေဆဲပါ။ အရွယ်ရောက်ပြီး သူတယောက်က Single အဖြစ်ရှိနေတယ်ဆိုရင် သူ့မွေးနေ့ရောက်တိုင်း သူငယ်ချင်းတွေက သစ်ကျပိုးခေါက်တွေနဲ့ ဝိုင်းပြီးပစ်ပေါက်လေ့ရှိကြပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အချိန်နောက်ကျပြီးမှ လာလေ့ရှိတယ်

ဗင်နီဇွဲလားနိုင်ငံမှာ အစည်းအဝေးတက်တာဖြစ်ဖြစ်၊ ပါတီပွဲတက်တာဖြစ်ဖြစ် နောက်ကျပြီးမှ ရောက်လာလေ့ရှိတာက သူတို့အတွက် ထုံးစံတခုလိုဖြစ်နေပါတယ်။ သူတို့နိုင်ငံသားတွေက ဘာပဲလုပ်လုပ် အေးအေးဆေးဆေးနဲ့ လုပ်တတ်ကြပြီး၊ လူထုအစည်းအဝေးပွဲတွေမှာ နောက်ကျပြီးမှာ ဝင်ရောက်လာတာကိုလည်း ဂုဏ်ယူလေ့ရှိတတ်ကြပါတယ်။