ရုပ်ရှင်တစ်ကား ပြီးမြောက်အောင်ရိုက်ဖို့ဆိုတာ ထင်ထားသလို မရိုးရှင်းလှပါဘူး။ တချို့ရုပ်ရှင်ဇာက်ကားတွေဆိုရင် ရိုက်နေရင်းနဲ့ Budget မလောက်တော့လို့ ဆက်လက်မရိုက်ကူးတော့၊ ရပ်နားလိုက်ရတာတွေရှိပါတယ်။ တချို့ရုပ်ရှင်တွေမှာကြတော့ သရုပ်ဆောင်တွေဟာ သူတို့ရဲ့ဇာတ်ရုပ်ပီပြင်အောင် အမှန်တကယ်အနာခံပြီး သရုပ်ဆောင်ကြတာတွေလည်းရှိပါတယ်။

အခု ဒီတစ်ခေါက်မှာတော့ MyStyle Myanmar ကနေပြီး အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာက်ကားတွေရဲ့ ပရိတ်သတ်တွေမသိသေးတဲ့ အချက်တွေကိုပြောပြပေးသွားမှာပါ။

Matrix codes

Matrix ကားထဲက အစိမ်းရောင် Code လေးတွေကို ပရိတ်သတ်တို့ သတိထားမိမှာပါ။ တကယ်တော့ ဒီ Code တွေက ရုပ်ရှင်ဒီဇိုင်နာက သူ့မိန်းမရဲ့ Sushi လုပ်နည်းစာအုပ်ထဲကနေ ကူးယူပြီး Code တွေအဖြစ် အသုံးပြုခဲ့တာပါ။

Titanic

Titanic ကားထဲမှာ Leonardo က Kate Winslet ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို ပုံတူဆွဲတဲ့ အခန်းကို မှတ်မိကြမယ်ထင်ပါတယ်။ တကယ်တော့ အဲ့ဒီပုံတူပန်းချီကားကို ဒါရိုက်တာဖြစ်သူ James Cameron ကိုယ်တိုင်ရေးဆွဲခဲ့တာပါတဲ့။ ဒါပေမယ့် သူဆွဲတဲ့အချိန်မှာ မင်းသမီးက ရေကူးဝတ်စုံဝတ်ထားပါတယ်။

James Bond

James Bond ရုပ်ရှင်ဇာက်ကားကို ရုပ်ရှင်ချစ်သူတို့ ကြိုက်ကြမယ်ထင်ပါတယ်။ James Bond မင်းသားကြီး Sean Connery ဟာ အသက် ၁၇ နှစ်ကတည်းက ထိပ်ပြောင်လာသွားတဲ့အတွက်ကြောင့် ဇာက်ကားတိုင်းမှာ ဆံပင်အတုဝတ်ပြီး ရိုက်ခဲ့ရတာပါ။

Jurassic Park

Jurassic Park ရုပ်ရှင်ဇာက်လမ်းတွဲတွေထဲ Velociraptor တွေ တစ်ကောင်နဲ့တစ်ကောင် အသံပေးပြီး ဆက်သွယ်ကြပါတယ်။ အသံဒီဇိုင်နာက တချို့အသံတွေကို လိပ်တွေ မိတ်လိုက်တဲ့အချိန်မှာ ထွက်လေ့ရှိတဲ့ အသံတွေကို ထည့်သွင်းအသုံးပြုထားတာပါ။

Halloween (၁၉၇၈)

Michael Myers ဝတ်ဆင်ခဲ့တဲ့ Halloween (၁၉၇၈) ဇာက်ကားထဲက မျက်နှာဖုံးဟာ တကယ်တော့ Captain Kirk သရုပ်ဆောင် William Shatner ရဲ့မျက်နှာပုံတူပါ။

၁၉၇၈ တုန်းက Horror ဇာက်ကားတွေရိုက်ဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် ဒါရိုက်တာဖြစ်သူက Captain Kirk ရဲ့ပုံတူမျက်နှာဖုံးကို ဝယ်ခဲ့ပါတယ်။ ပြီးတော့ အဖြူရောင်ဆေးတွေ သုတ်လိမ်းပြီးတော့ မျက်လုံးဆံပင်ပုံစံတွေကို ပြုပြင်ကာ ကြောက်စရာမျက်နှာဖုံးအသွင် ပြောင်းခဲ့တာပါ။

Monster Inc

Monster Inc ကာတွန်းကားထဲက ကလေးမလေး Boo ကို ပရိတ်သတ်တို့ သိကြမယ်ထင်ပါတယ်။ Boo နေရာကနေ အသံသရုပ်ဆောင်ခဲ့တာက Mary Gibbs ခေါ်တဲ့ အသက် ၂ နှစ်နဲ့ ၆ လသာရှိသေးတဲ့ ကလေးတစ်ယောက်ပါ။

အသံသွင်းနေစဉ်အတွင်းမှာ ကလေးက အငြိမ်မထိုင်ပဲ လျှောက်သွားနေတာကြောင့် ရုပ်ရှင်အဖွဲ့သားတွေက Microphone ကိုင်ပြီး ကလေးနောက်ကို တောက်လျှောက်လိုက်ခဲ့ကြရပါတယ်။ တကယ့် ရီသံနဲ့ငိုသံတွေရဖို့အတွက် ရုပ်ရှင်အဖွဲ့သားတွေက ကလေးကို ကလိထိုးတာတို့ လက်ထဲက ချိုချဉ်ကို လုယူတာတို့ လုပ်ခဲ့ရပါသေးတယ်။

The Wizard of Oz (၁၉၃၉)

The Wizard of Oz (၁၉၃၉) ဇာက်ကားမှာ Toto နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ခွေးလေးက တစ်ပတ်ကို ၁၂၅ ဒေါ်လာထိရရှိနေပေမယ့် Munchkins နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ လူတွေကတော့ တစ်ပတ်ကို ဒေါ်လာ ၅၀ ခန့်ရရှိခဲ့ပါတယ်။ ခွေးကလူတွေထက် ပိုပြီး ဝင်ငွေကောင်းနေပါလား။

Django Unchained

၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ Django Unchained ရုပ်ရှင်ဇာက်ကားမှာ Leonardo ဟာ သူ့ရဲ့လက်ကို တကယ်သွေးထွက်တဲ့အထိ သရုပ်ဆောင်ခဲ့ပါတယ်။ ဖန်ခွက်ကို စားပွဲပေါ်အရှိန်နဲ့ ဆောင့်ချလိုက်တဲ့အချိန်မှာ Leonardo လက်ကိုရှပြီး တကယ် သွေးထွက်ခဲ့ပါတယ်။ ဒါပေမယ့် Leonardo က ရုပ်ရှင်ရိုက်ကူးမှုကို မရပ်စေပဲ တစ်ခန်းပြီးတဲ့အထိ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ တကယ်တော့ ဒီလုပ်ရပ်က ဒါရိုက်တာညွှန်ကြားထားတာမဟုတ်ပဲ Leonardo က ဇာတ်ရုပ်ပီပြင်အောင် ဖန်တီးလုပ်ဆောင်ခဲ့တာပါ။