သိပ္ပံပညာရှင်တွေက အချစ်နဲ့ပတ်သက်တဲ့မေးခွန်းတွေ အကြောင်းရှာဖွေဖို့ ကြိုးစားခဲ့ရာမှာ စိတ်ဝင်စားဖွယ်ရာ အဖြေတွေတွေ့ရှိခဲ့ကြပါတယ်။ တစ်ချို့ကြားဖူးနားဝရှိတဲ့ အချစ်အကြောင်းတွေဟာ မှန်ကန်မှုမရှိကြောင်းကိုလည်း တွေ့ရှိခဲ့ကြတယ်။ တစ်ခါတစ်လေ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေက လူတွေအတွက် အသုံးဝင်ကြပါတယ်။

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာတွေကတော့ အချစ်နဲ့ Relationship အကြောင်း စိတ်ဝင်စားဖွယ်ရာအကြောင်းပဲဖြစ်ပါတယ်။

အကုန်လုံးက ပထမဆုံးအနမ်းပေါ်မှာ မူတည်နေတယ်

University of Oxford မှကျွမ်းကျင်သူတွေရဲ့တွေ့ရှိချက်အရ ပထမဆုံးအနမ်းဟာ အမျိုးသားနဲ့အမျိုးသမီး လိုက်ဖက်မှုရှိမရှိကို ခန့်မှန်းနိုင်တယ်လို့ ဆိုထားပါတယ်။ Long-term relationships တွေအတွက် (အထူးသဖြင့် အမျိုးသမီးတွေအတွက်) အနမ်းတွေက အလွန်အရေးပါကြတယ်။

Romantic ရုပ်ရှင်တွေက အချစ်ရေးအတွက် ကောင်းမွန်တယ်

ချစ်သူရည်စားတွေကြားမှာ Romantic ရုပ်ရှင်တွေကြည့်ပြီး နှစ်ဦးသား တိုင်တိုင်ပင်ပင် ရှိကြရင် လမ်းခွဲနိုင်ချေနည်းပါးကြပါတယ်။ ဒါဟာ ကျွမ်းကျင်သူတွေရဲ့ (၃) နှစ်တာ အချိန်ပေးပြီး လေ့လာခဲ့ရတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုမျိုးရုပ်ရှင်တွေကြည့်ပြီးတဲ့အခါမှာ ချစ်သူနှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှု ပိုရှိလာကြပြီး ကိုယ့်မှာလိုအပ်နေတာလေးတွေကိုလည်း အလိုက်တသိ ဖြည့်ဆည်းလာကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားကြတယ်။

ချစ်သူရည်းစားရဲ့ပုံကြည့်ခြင်းက နာကျင်မှုကိုလျှော့နည်းစေတယ်

လေ့လာမှုအသစ်ပြုလုပ်ခဲ့ရာမှာ ချစ်သူရည်းစားရဲ့ ဓာတ်ပုံကိုကြည့်ခြင်းအားဖြင့် နာကျင်မှုဝေဒနာ အနည်းငယ်သက်သာကြောင်း တွေ့ရှိခဲ့ကြတယ်။ သူတို့ရဲ့ လက်ကိုကိုင်ထားခြင်းကလည်း အလားတူသက်ရောက်မှုမျိုး ရှိစေပါတယ်။ ဒီလေ့လာမှုကတော့ အမျိုးသမီးတွေကို လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ ချစ်သူပုံ၊ သူစိမ်းပုံ နဲ့ ထိုင်ခုံတစ်ခုံရဲ့ ပုံတွေကိုပြပြီး ကြည့်ခိုင်းခဲ့ရာမှာ ချစ်သူရဲ့ပုံ ကြည့်နေတဲ့အခါတွင် နာကျင်မှုဝေဒနာ အနည်းငယ်သက်သာကြောင်း ပြောပြလာခဲ့ကြပါတယ်။

IQ မြင့်တဲ့ အမျိုးသားတွေက ဖောက်ပြန်နိုင်ချေ နည်းပါးကြတယ်

Saint Louis တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ IQ မြင့်တဲ့ အမျိုးသားတွေက သူတို့ရဲ့ပါတနာတွေအပေါ် ဖောက်ပြန်နိုင်ချေ နည်းပါးကြတယ်လို့ ဆိုထားပါတယ်။ အမျိုးသမီးတွေမှာတော့ ဖောက်ပြန်ခြင်းဟာ IQ နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။